Saturday, September 21, 2013

 နှစ်ပေါင်း (၃၀) ကျော်အတွင်း ပထမဦးဆုံးသော တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့် အတွဲ (၁၄)၊ အမှတ် (၃၆) Thu, 09/19/2013 - 09:13 မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အတွက် ရည်ရွယ်သော ရုပ်သံလိုင်း ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (National Races Channel) အကြို စမ်းသပ် ထုတ်လွှင့်ခြင်း အခမ်းအနားကို နေပြည်တော် တပ်ကုန်းရှိ မြန်မာ့ ရုပ်မြင်သံကြား အဆောက်အဦတွင် စက်တင်ဘာလ (၇) ရက်က ကျင်းပ ခဲ့သည်။အဆိုပါ ရုပ်သံလိုင်းတွင် တိုင်းရင်းသား ဘာသာကြီး (၈) မျိုး၊ ဘာ သာခွဲ (၁၁) မျိုးဖြင့် ထုတ်လွှင့်မည် ဖြစ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အထောက်အကူ ပြုရန် ရည်ရွယ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြားကို ၁၉၈၀ ကျော် ကတည်းက စတင် ထုတ်လွှင့် ခဲ့သည် ဖြစ်ရာ နှစ်ပေါင်း (၃၀) အတွင်း ပထမဦးဆုံး အနေဖြင့် တိုင်းရင်းသားများ၏ ဝတ်စုံ၊ တိုင်းရင်းသားများ ၏ စကားဖြင့် ထုတ်လွှင့်သောလိုင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ လက်ရှိ အခြေအနေတွင် DVB T2 အဆင်သင့် ဖြစ်နေပြီး ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တွင် စတင် ထုတ်လွှင့်မည် ဖြစ်ပြီး Sky Net, MRTV အခပေး ရုပ်သံလိုင်းများတွင် ပါထည့်ပြီး ထုတ်လွှင့်မည် ဖြစ်ကြောင်း ယခု လက်ရှိတွင် DVB T2 အနေဖြင့် 3 SET ရှိပြီး နောက်ထပ် စက်ပေါင်း 21 SET ထပ်ဝယ်ပြီး ပါက ၂၀၁၄ ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း နှင့်၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ဒေသ အများစုတွင် အခမဲ့ ဖမ်းယူ ကြည့်ရှုသွားနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ အဆိုပါ ရုပ်သံလိုင်း အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့်လည်း ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာန ဘက်မှလည်း ယခုထုတ်လွှင့်မည့် ရုပ်သံလိုင်းသည် အစိုးရ ဗဟိုပြုရုပ်သံလိုင်း မဟုတ်ဘဲ ပြည်သူ ဗဟိုပြု ရုပ်သံလိုင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုင်းရင်းသား ဓလေ့ထုံးထမ်း ယဉ်ကျေးမှုများ၊ စာပေဂီတများ၊အထိမ်းအမှတ်များနှင့် သက်ဆိုင်ရာ ပြည်နယ် သတင်းများ၊ အခြား သိသင့် သိထိုက်သော သတင်းများကို တိုင်ရင်းသားဘာသာဖြင့် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ - See more at: http://www.myanmarinternetjournal.com/content/8239#sthash.q64XeshF.dpuf

No comments:

Post a Comment