Genocide (သို့) ရခိုင်များကို သတ်ကွင်းထဲသို့ ဆွဲခေါ်ခြင်း
------------------------------
-------------------
------
၂၀ ရာစု ကတည်းက တွင်းကျယ်လာသည့် စကားလုံးတစ်လုံးသည်
၂၁ ရာစုတွင် ပိုမိုအားကောင်းလာသည်။ Genocide (ဂျီနိုဆိုက်)လူမျိုးတုန်း
သတ်ဖြတ်မှုသည် မြန်မာများအဖို့ စကားလုံးဆန်ကြယ်နေသော်လည်း တဖြည်းဖြည်းနှင့်
ယဉ်ပါးလာပြီဖြစ်သည်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ (၈)ရက်နေ့က
ရခိုင်ပြည်နယ်၏ အနောက်ဖက်အကျဆုံးနယ်စပ်မြို့ တနည်း အနောက်ဖက် တံခါးတွင်
သောကြာနေ့ ဘာသာရေးနေ့တွင် ဗလီမှ ဆင်းလာသူများက ရခိုင်တို့အား လူမျိုးတုန်း
သတ်ဖြတ်ခဲ့သည်။ တနည်း Genocide (ဂျီနိုဆိုက်) လူမျိုးတုန်း သတ်ဖြတ်မှုကို
ပြုလုပ်ခဲ့သည်။ နိုင်ငံတော် အစိုးရမှ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပြီး
အချိန်မှီထိန်းသိမ်းလိုက်နိုင်သောကြောင်း
ရခိုင်တို့သည် အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သည်။ သို့သော်လည်း
လူ(၁၀)ကျော်သေဆုံးခဲ့ရပြီး ရွာပေါင်း (၂၂)ရွာ ပြာပုံဘ၀သို့
ရောက်သွားခဲ့ရသည်။ အိုးမဲ့ အိမ်မဲ့ ဘ၀ကို ရခိုင်တို့ ရောက်ခဲ့ရပြီး
ဒုက္ခသည်ပေါင်းများစွာ ဖြစ်ခဲ့ရသည်။ ယနေ့အချိန်ထိ ပြန်လည် နေရာချထားမှုကို
အစိုးရက စီစဉ်နေဆဲဖြစ်သည်။ ဤကြားထဲ နောက်ထပ် ဒုက္ခသည်များ၊ အကြမ်းဖက်မှုများ
တိုးလာနေမှုသည် ကောင်းသည့် လက္ခဏာတော့ မဟုတ်ပေ။
ဒီအချိန်တွင် နိုင်ငံတကာ ဘင်္ဂလီကုလားတို့နှင့် ပတ်သတ်သမျှ
သတင်းဝက်ဆိုက်များတွင် ရခိုင်လူမျိုးနှင့် အစိုးရမှ ပူးပေါင်းပြီး
ရိုဟင်ဂျာဆိုသူများကို လူမျိုးတုန်း သတ်ဖြတ်နေပါသည်။ Genocide
(ဂျီနိုဆိုက်) လုပ်နေပါသည် ဆိုပြီး ဖော်ပြခဲ့ကြသည်။ ၂၀၁၂၊ ဒီဇင်ဘာ၊ ၉
ရက်နေ့က နိုင်ငံခြား သတင်းဌာနတစ်ခုဖြစ်သည့် အယ်ဂျဇီးရား သတင်းဌာနမှ Hidden
Genocide ဆိုသည့်ကို သတင်းမှတ်တမ်းပုံစံမျိုးဖြင့် ထုတ်လွင့်ခဲ့သည့်အခါ
ရခိုင်လူမျိုးကြားတွင် Genocide သည် ပိုမို တွင်းကျယ်လာသည်။ နိုင်ငံတကာတွင်
ရ၀မ်ဒါဒေသ၊ ဒါဖောဒေသ၊ ဘော့စနီယားဒေသ၊ ကမ္ဘောဒီယားနိုင်ငံတို့တွင်
ဖြစ်ပွါးခဲ့မှုသည့် Genocide ကို ပိုမို တွင်းကျယ်စေခဲ့သည်။
မြန်မာပြည်သူများ၊ တနည်းရခိုင်လူမျိုးများ သမိုင်းကို
အာပေါင်းအာရင်းသန်သန်ဖြင့် အငြင်သန်နေကြချိန်တွင် ရိုဟင်ဂျာဆိုသူတို့သည်
နိုင်ငံတကာတွင် မီဒီယာအားကို တည်ဆောက်ပြီး လူမျိုးရေး အသွင်းကို
ဆွဲခေါ်နေသည်ကို မျိုးချစ်များ သတိထားဖို့ အချိန်တောင် မရလိုက်ချေ။
Genocide (ဂျီနိုဆိုက်) ဆိုသည်မှာ အဘယ်နည်း။ ဘယ်သော အခြေအနေတွင် Genocide
(ဂျီနိုဆိုက်) ဖြစ်သနည်။။ အယင်းဆုံး ဤကိစ္စကို ရှင်းပါအုံးမည်။ Genocide
ဆိုသည့်စကားလုံးကို “လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတစ်မျိုးလုံးကို
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု မြန်မာလို ပြန်ဆိုတတ်ကြသည်။ Genocide
(ဂျီနိုဆိုက်) ဆိုသည့် စကားလုံးကို နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ
တရားရုံး(၀ါ) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (ICC=International
Criminal Court) ဧ။် နိုင်ငံတကာ တရားဥပဒေဆိုင်ရာ
အသုံးအနှုန်းများထဲတွင်တွေ့ရှိရသည်။
သို့သော် အဓိပ္ပါယ်သတ်မှတ်ချက်တွင် Genocide ဆိုသည့်ဝေါဟာရ စကားလုံးသည်
“လူမျိုးတုံးသတ်ဖြတ်မှု” ဟု မြန်မာဘာသာသို့ ဘာသာပြန်ဆိုချက် အဓိပ္ပါယ်တစ်ခု
တည်းကို ဆိုလိုရုံဖြင့်တော့ မလုံလောက်ချေ။ နိုင်ငံတကာ ရာဇ၀တ်ဆိုင်ရာ
တရားရုံးဧ။်အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်အရ Genocide ဆိုသည်မှာ နိုင်ငံသား၊
လူမျိုးစု၊ မျိုးနွယ်စု၊ (သို့မဟုတ်) ဘာသာရေးနှင့်ဆိုင်သော
အုပ်စုတစ်ခုခုဧ။် အားလုံးကို (သို့မဟုတ်) အစိတ်အပိုင်း တစ်ခုခုကို
(အချို့ကို) ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ကျူးလွန်သော ပြစ်မှုများကို ဆိုလိုသည်။
Genocide (ဂျီနိုဆိုက်)- လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးတစ်မျိုးလုံးကို
အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်ဖို့အတွက် အချက် (၅)ချက်ကို ICC က ဖော်ပြထားသည်။ နိုင်ငံတကာ ဥပဒေအရ မြန်မာလို ပြန်ဆိုမှုတွင် -
(၁) လူမျိုးစု၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(၂) လူမျိုးစု၏ အဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊
စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ပြင်းထန်စွာအန္တရာယ်ပြုခြင်း၊
(၃) လူမျိုးစုဝင်များ၏ လူနေမှုဘ၀ အခြေအနေများကို ထိခိုက်နစ်နာအောင်
တမင်တကာရည်ရွယ်၍ အုပ်စုတစ်ခုလုံးကိုဖြစ်စေ (သို့မဟုတ်)
တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်
ပျက်စီးစေခြင်း၊
(၄) လူမျိုးစုဝင်များအတွင်း ကလေးမွေးဖွားမှု (မျိုးပွားမှု၊
လူဦးရေတိုးပွားမှု)ကို တားဆီးရန်ရည်ရွယ်ချက်ဖြင့် လိုက်နာချက်များ သတ်မှတ်၍
လိုက်နာစေခြင်း၊
(၅) လူမျိုးစုတစ်ခုအတွင်းမှ ကလေးများအား တခြားလူအုပ်စုအတွင်းသို့
အတင်းအဓမ္မပြောင်းရွှေ့ခြင်းစသည့်
လုပ်ရပ်များကို ပြုလုပ်ကျူးလွန်ခြင်းသည်။
တိုအချက် (၅)ချက်ထဲမှ တစ်ချက်ချက်ကို ဖောက်ဖျက်လျှင်(သို့) ကျူးလွန်လျှင်
Genocide (ဂျီနိုဆိုက်)ဖြစ်သည်ဟု ဖော်ပြထားသည်။
ဤအချက်(၅)ချက်ထဲတွင် လူမျိုးစုဟု ဖော်ပြထားသည်။ တစ်နည်းအားဖြင့်
ကိုယ်ပိုင် လက္ခရှိသည့် လူမျိုးစု၊ လူမျိုး တစ်မျိုးကို
အစိုးရသော်လည်းကောင်း၊ တခြားအင်အားကြီး လူမျိုးများမှသော်လည်းကောင်း
ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုသည် Genocide (ဂျီနိုဆိုက်) ဖြစ်သည်
ဆိုသည့်သဘောဖြစ်သည်။ ကိုယ်ဒေသမှ လူမျိုးစုကို သတ်ဖြတ်မှုကို ဆိုလိုပြီး
တခြားအချုပ်အချာပိုင်နိုင်ငံမှ လူမျိုးများကို သွားသတ်လျှင်
ကျူးကျော်စစ်ဖြစ်သွားမည်။ ယခု ရိုဟင်ဂျာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊
စစ်တကောင်းဒေသမှ မြန်မာနိုင်ငံ တနည်း ရခိုင်ပြည်သို့ တရားမ၀င်
ရွေ့ပြောင်းလာသည့် Migrant သာဖြစ်သည်။ ရွေ့ပြောင်း နေထိုင်လာမှုဖြစ်သည်။
ကမ္ဘာပေါ်တွင် Migrant သည် ကမ္ဘာအင်အားကြီးနိုင်ငံများ ဖြေရှင်းရ
အခက်အခဲဆုံးနှင့် ခေါင်းစားရဆုံး ဖြစ်သည်။ ဥပမာ- အမေရိကန်နိုင်ငံတွင်
အိမ်နီးနားချင်းနိုင်ငံဖြစ်သည် မက္ကဆီကိုနိုင်ငံမှ ရွေ့ပြောင်း
အခြေချနေထိုင်မှုကို စိုးရိမ်းနေသည်ကို ကြည့်ရှုနိုင်သည်။
ရိုဟင်ဂျာဆိုသူများသည်လည်း အကွက်ကျကျ အစီအမံများဖြင့် Migrant မှသည်
နိုင်ငံသား အဆင့်ကိုကျော်လွန်ပြီး တိုင်းရင်းသား အဆင့်ထိ
တောင်းဆိုလာကြသည်ကို တွေ့ရသည်။
Genocide (ဂျီနိုဆိုက်)-လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစိုးရတစ်ရပ်ရပ်(သို့မဟုတ်) အကြမ်းဖက်အုပ်စုတစ်ခုခုက စုစည်းဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
ယခု ရခိုင်ပြည်နယ်တွင် စတင်ခဲ့သော မီးပွါးသည် အစိုးရ တစ်ရပ်ရပ်၊ အကြမ်းဖက်
အုပ်စု တစ်ခုခု ပါဝင်နေသလားဆိုသည်ကို စဉ်စားစရာဖြစ်သည်။ ၂၀၁၂ ခုနှစ်
ဇွန်လက စတင်ခဲ့သည့် အကြမ်းဖက်မှုသည် မြန်မာနိုင်ငံအနှံတွင် ဖြစ်ပွါးခဲ့ပြီး
အစိုးရပါဝင်ပတ်သတ်မှု၊ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုခု ပါဝင် ပတ်သတ်မှုကို
ယနေ့အချိန်ထိ မတွေ့ရှိရသေးပေ။ သံသယ မျက်လုံးများဖြင့်သာ ဟိုလူကို ထိုချ၊
သည်လူကို ထိုချဖြင့် အချိန်ကုန်နေသည်။ ဥပမာ - ၉၆၉ သင်္ဃာအုပ်စုကို
အကြမ်းဖက်အဖွဲ့အဖြစ် ပုံဖော်နေသည်။ ၂၀၁၂ ခုနှစ် ဇွန်လ အထိဤအဖွဲ့သည်
မပေါ်ပေါက်သေးပေ။ လက်သည်မပေါ်သော အကြမ်းဖက်မှုတစ်ကို မြန်မာပြည်သူတို့
ဖြတ်ကျော်နေရသည်။ ဤသို့ဆိုလျှင် အကြမ်းဖက်ခံရသည်ဆိုသည့်
ရိုဟင်ဂျာများဘက်ကို ခွဲခြမ်းလေ့လာကြည့်သင့်သည်။
၂၁ ရာစုအစောပိုင်းတွင် မြန်မာတို့သည် စစ်အာဏာရှင်စနစ်ဖြင့်
မြန်မာပြည်သူတို့ လုံးပန်းထုပ်နေရချိန်တွင် ရိုဟင်ဂျာဆိုသူများသည်
နိုင်ငံတကာတွင် တော်တော်ခရီးရောက်နေသည်ကို တွေ့ရှိရသည်။ အကြမ်းအားဖြင့်
ရိုဟင်ဂျာဆိုသူများကို အုပ်စု (၄)အုပ်စု ခွဲကြည့်မည်။ နိုင်ငံတကာကို
ရောက်နေသော ပညာတတ် ရိုဟင်ဂျာဆိုသူများအုပ်စုက ငွေကြေးတောင်းတင့်သော
ရိုဟင်ဂျာထောက်ခံသူအုပ်စု ဆီမှ ငွေကြေးများကို လက်ခံရယူပြီး ပြည်တွင်းရှိ
ဗလီများတွင်ရှိသော မော်လ၀ီများသို့ ညွှန်ကြားချက်များပေးပို့နေသည်။
ထို့မှတဆင့် ပညာမတတ်သော၊ ဆင်းရဲချို့တဲ့သော၊ ဗဟုသုတနည်းပါးသော ဘင်္ဂလီများကို
ခင်ဗျာတို့က ရိုဟင်ဂျာတွေ၊ ဘင်္ဂလီမဟုတ်ဘူးဟု ရိုက်သွင်းပြီး
ဇာတ်ခွဲသွားသည်ကို လေ့လာတွေ့ရှိရသည်။ ရိုဟင်ဂျာ ဇာတ်မှသည်
နယ်မြေတောင်းဆိုမှု တနည်း တိုင်းရင်းသား တောင်းဆိုမှုထိ ဖြစ်လာသည်။ ထိုမှနေ
(၁)ပညာတတ်အုပ်စု၊ (၂)ငွေကြေးထောက်ပံ့အုပ်စု၊ (၃)တရားဟောဆရာအုပ်စု၊
(၄)ပြည်သူများသို့ ဆင့်ကဲ စီးဆင်းလာမှုကို သုံးသပ်နိုင်သည်။
ထိုနိုင်ငံတကာကို ရောက်နေသော ပညာတတ် ရိုဟင်ဂျာများသည် နိုင်ငံကတာက
ထောက်ခံမှုကို ရရှိအောင် နည်းအမျိုးမျိုးဖြင့် ကြိုးစားပြီး တစ်ကွက်ချင်း၊
တစ်ကွက်ချင်းစီ နိုင်ငံရေးကစားကွက်များကို ဖန်တီးနေသည်ကို
တွေ့မြင်နိုင်သည်။ ရိုဟင်ဂျာအလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးနေသူများကိုပင်
တွေ့လာရသည်။ သူတို့ နောက်ပိုင်း အချိန်ယူပြီးတည်ဆောက်ခဲ့သော Genocide
(ဂျီနိုဆိုက်)ကို ပြန်သုံးသပ်ကြည့်ကြပါစို့။
၂၈-၅-၂၀၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု၊
သပြေချောင်းကျေးရွာမှ မသီတာထွေးကို ရိုဟင်ဂျာဆိုသူ သုံးဦးက မုဒိန်းကျင့် ၊
ပစ္စည်းလုပ် သတ်ဖြတ်သွားမှု ဥပဒေကြောင်းရ ဖြေရှင်းရမည့် ကိစ္စသာဖြစ်သည်။
ဒီပြင် ၃.၆၂၀၁၂ ရက်နေ့က တောင်ကုတ်မြို့တွင် ဂါမပညတ်ထားသော နယ်မြေကို
ဖြတ်ကျော်လာသော နယ်လှည့် တရားဟော အစ္စဘာသာဝင် (၁၀)ဦး အသတ်ခံရမှုသည် Genocide
(ဂျီနိုဆိုက်)နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဥပဒေကြောင်းအရ ဖြေရှင်းရမည့်
ကိစ္စဖြစ်သည်။ ဤအကြောင်းပြချက်နှင့် ကိုက်ညီမှုမရှိဘဲ ၈.၆.၂၀၁၂ ရက်နေ့
မောင်တောမြို့ ဂျာမေဗလီမှ ဘုရားဝတ်ပြုဆင်းလာသူများက ရခိုင်အိမ်များကို
အကြမ်းဖက်ခဲ့သည်။ ချိန်ကိုက်ဆိုသလို မောင်တောမြို့နယ်၊
ဘူးသီတောင်မြို့နယ်များတွင် ဆက်တိုက် အကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့ကြသည်။
ဗလီတွင် တရားဟော ဆရာများက မည်သည့်တရားများကို ဟောခဲ့သနည်း။ ဥပဒေကြောင်းအရ
ဖြေရှင်းရမည်ကိစ္စကို လူမျိုးတစ်မျိုးလုံးကို အကြမ်းဖက်လောက်အောင်ထိ
ပြုလုပ်မည်ဆိုလျှင် မည်သည့်အဖွဲ့အစည်းက ညွှန်ကြားထားသနည်း။ ရခိုင်များ
အကြမ်းဖက်ခံနေရချိန်တွင် ရိုဟင်ဂျာဆိုသူများနှင့် မလွတ်ကင်းသည့်
သတင်းဌာနများတွင် ရခိုင်များက ရိုဟင်ဂျာများကို Genocide
(ဂျီနိုဆိုက်)-လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု
ဖော်ပြကြသည်။ ဓာတ်ပုံလိမ်အမျိုးမျိုးကို အင်တာနက် စာမျက်နှာထက်တွင်
ပလူးပျံအောင် လိမ်လည်ခဲ့ကြသည်။ ကြိုတင် အကွက်ချကြံစဉ်မှု ရှိခဲ့သည်ဟု
ရခိုင်သားတိုင်း ၊ မြန်မာနိုင်ငံသားတိုင်း မျက်ဝါးထင်ထင် မြင်တွေ့ရသည်ကို
တွေ့ရှိရသည်။ ဥပမာ-တိဘတ်ဘုန်းတော်ကြီးများမှ ငလျှင်ကြောင်းသေဆုံးသူများကို
ကူးညီနေသည့်ပုံများကို သုံးစွဲမှုအား သတိပေးရသည့် အဆင့်ထိရှိခဲ့သည်။
ဆက်စပ်ပြီး ၁၉၇၁ ခုနှစ်က အရှေ့ပါကိစ္စတန်နိုင်ငံ
ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူမျိုးပေါင်း ၂.၅သန်းကို
အကြမ်းဖက်သမားများက Genocide လူမျိုးတုန်းသတ်ဖြတ်မှုရှိခဲ့သည်။
ဟိန္ဒူလူမျိုး ဒုက္ခသည်ပေါင်း (၁၀)သန်းလောက် အိန္ဒိယနိုင်ငံကို
ထွက်ပြေးခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ စီမံကိန်းဌာန၊ ဗြိတန်းနီးကား
စွယ်စုံကျမ်း၊ ထက်လွှတ်တော်အမတ် အယ်ဒွတ်ကနေဒီ၏ အမေရိကန်ပြည်ထောင်စု
အထက်လွှတ်တော် တရားစီရင်ရေး ကော်မတီသို့ အစီရင်ခံစာ၊ နယူးစ်ဝိခ် မဂ္ဂဇင်း၊
နယူးယောက်တိုင်းမ်စ် သတင်းစာစသည်တို့တွင် ဖော်ပြခဲ့သည်။ ဤအကြမ်းဖက်မှုသည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းတွင်
အထင်အရှားခဲ့ပြီး အကြမ်းဖက် အကျင့်ရှိသည့် ဤဒေသမှ လာသူများသည်
ဤအကြမ်းဖက်မှုနှင့် ကင်းလွတ်မည်လား။ (ယခုသက္ကရာဇ် ၂၀၁၃ ခုနှစ်တွက်ကြည့်လျှင်
နှစ်ပေါင်း ၄၂ နှစ်သာရှိသေးသည်ကို တွေ့ရှိရသည်။)
နိုင်ငံတကာတွင် Genocide (ဂျီနိုဆိုက်)-လူမျိုးတုန်းသတ်ဖြတ်မှု
ဖြစ်ပွားလျှင် ကျန်သည့် နိုင်ငံများက သနားစာနှင့် ဂရုဏာသက်မှုကို
ပေးတတ်ကြသည်။ ဥပမာအားဖြင့် - ဒါဖောဒေသ၊ ရ၀မ်ဒါဒေသများသည် နိုင်ငံတကာ၏
ဂရုဏာသက်မှုကို ရရှိခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့၏ ထိမ်းသိမ်းမှုကို
ရယူခဲ့ပြီး လွတ်မြောက်နယ်မြေအဖြစ် ကြော်ငြာခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။
ယခုလည်း ယင်းအကွက်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်နေသည်ကို လူ့အခွင့်အရေးတောင်းဆိုချက်၊ Genocide စသည်တို့ကို တွင်းတွင်းကျယ်ကျယ်သုံးစွဲခြင်းဖြင့်
နိုင်ငံတကာ မေတ္တာစာ၊ ဂရုဏာစာကို ယူဆောင်နေသည်ကို တွေ့ရှိရသည်။ သို့သော်
ပြည်တွင်းတွင် လူ့အခွင့်အရေးတောင်းဆိုမှုထက် ပိုသော နိုင်ငံသားကို
ကျော်လွန်ပြီး တိုင်းရင်းသားထိ တောင်းဆိုမှုကို ပိုမို အသံကျယ်လောင်းစွာ
တောင်းခဲ့သည်။ နိုင်ငံတကာ သတင်းဌာနများတွင် မူကာ လူ့အခွင့်အရေးဖြင့်သာ
ကောက်ပေါက်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာဆိုသူများ၏ Network - ကွန်ယက်သည်
လူမျိုးရေး၊ တိုင်းရင်းသားရေး တောင်းဆိုမှုမှသည် ဘာသာရေးမှိုင်းသွင်းပြီး
အစ္စလာမ်ဘာသာဝင်များ အားလုံးကို လွှမ်းခြုံသွားသည်ကို တဖြည်းဖြည်း
ရုပ်လုံးပေါ်လာသည်ကို သတိထားမိသည်။
Genocide (ဂျီနိုဆိုက်) ဖြစ်စဉ်များတွင် အချိန်ကြာလာပြီး ပြသာနာကို
ဆွဲဆန့်သွားခြင်းသည် မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ ပတ်ဝန်းကျင်ဒေသများကိုပါ
ရိုက်ခတ် ဆွဲခေါ်သွားသည်ဟု ဆိုထားသည်။ ယခုလည်း ၂၀၁၂၊ ဇွန်လ ကတည်းက
စတင်လာသည့် အကြမ်းဖက်မှုသည် တစ်နှစ်ကျော်လွန်လာပြီး မပြီပြတ်သေး။ စနစ်တကျ
အကြမ်းဖက်မှုများကို နိုင်ငံအနှံတွင် ပြုလုပ်သွားပြီး ဘာသာရေးအသွင်းကို
ဆွဲခေါ်နေသည်ကို သတိထားသင့်သည်။ ဥပမာ-မျိုးစောင့်ဥပဒေကိစ္စကို
တွင်းတွင်းကျယ်ကျယ် အော်ဟစ်မှုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘာသာရေးအရ
ဖြစ်ပွါးခဲ့လျှင် အစ္စလမ်ကိုးကွယ်သည့် နိုင်ငံများမှ ပါဝင်လာပြီး
ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေမည်။ အနီးကပ်အားဖြင့်
ဆီးရီးယားနိုင်ငံကိစ္စများတွင် နှုတ်ဆိတ်ခဲ့သလောက် OIC သည် မြန်မာကိစ္စတွင်
ဝင်ရောက် စွက်ဖက်လာသည်ကို သတိပြုမိသည်။
လူဦးရေ ပေါက်ကွဲလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေအနေဖြစ်ပေါ်မှု၊ နိုင်ငံတကာ
ထောက်ခံမှု၊ မီဒီယာအားကို အသုံးချမှု၊ နဂိုက အေးအတူ ပူအမျှ နေလာကြသည့်
ဘင်္ဂလီများမှသည် ရိုဟင်ဂျာစိတ်ဓာတ် ရိုက်သွင်းမှု၊ ဦးရာဇတ်တည်ထောင်ခဲ့သည်
မြန်မာပြည်ဖွား မွတ်ဆလင်များကို ရောယောင်ဆွဲခေါ်မှု၊ ပြသာနာများကို
ခကြာခဏဖန်တီးပြီး မပြတ်အောင် အချိန်ကြာအောင် ဆွဲဆန့်မှု၊ နိုင်ငံသားအဆင့်ကို
ကျော်လွန်ပြီး တိုင်းရင်းသားတောင်းဆိုမှု၊ သမိုင်းများကို လိမ်လည်မှု၊
ဒေသခံပြည်သူများ၏ စိတ်ဓာတ်များကို ဆွပေးမှု၊ ဒေသခံများမှ မခံချင်စိတ်ဖြင့်
တုန့်ပြန်မှု၊ နည်းလမ်းမျိုးစုံတို့ဖြင့် Genocide (ဂျီနိုဆိုက်)ကို
ဒရိုက်တိုက် ဆွဲခေါ်သွားနေသည်ကို သတိပြုသင့်သည်။ တနည်း ၂၁ ရာစု၏
မဟာဗျူဟာဖြစ်သည့် ဒီမိုကရေစီ ခေတ်ပြောင်း၊ လူ့အခွင့်အရေးကို ကိုင်ပေါက်ပြီး
နိုင်ငံရေးကစားကွက်ထဲတွင် ရခိုင်နှင့် မြန်မာပြည်သူများကို စနစ်ကျကျ
ကျုံသွင်းခေါ်ဆောင်နေခြင်းဖြစ်သည်။ ဤပြသာနာကို အစိုးရမှ အချိန်တိုတိုအတွင်း နိုင်းနိုင်းနင်းနင်းမထိန်းနိုင်ပါက
နိုင်ငံတကာမှာ အရှက်ရစေပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်
သိက္ခာကျမှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် Genocide (ဂျီနိုဆိုက်)ကို
ရောက်မသွားသေးခင် အကြမ်းဖက်မှုကို ဥပဒေကြောင်းအရ အခိုင်အမာတည်ဆောက်ပြီး
အမြန်ဆုံး အကောင်အထည်ဖော်သင့်ပြီးဖြစ်သည်။
တောင်းပန်ချက် = ရိုဟင်ဂျာလို့ ကျနော်သုံးစွဲသည်။ ရိုဟင်ဂျာသည်
အကြမ်းဖက်သမား၊ သမိုင်းလု၊ နယ်မြေခွဲထွက်ရေးသမားဖြစ်သည်။ ဘင်္ဂလီဆိုသူများသည်
ဒေသခံများနှင့် အေးအတူပူအမျှ နေထိုင်လာခဲ့ကြသူများဖြစ်သည်။ အခုဖြစ်နေသည်က
ရိုဟင်ဂျာ စတင်ခြင်းမှ ဖြစ်ပေါ်မှုကြောင်း ရိုဟင်ဂျာလို့ ကျနော်
သုံးစွဲခြင်းဖြစ်သည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမှသည် နယ်မြေခွဲထွက်ရေးထိ
နောက်ဆက်တွဲ အဓိပ္ပါယ်ပါသည်။
ဝေဟင်အောင်
၂၊ ၁၀၊ ၂၀၁၃။
ကျမ်းကိုး -
http://en.wikipedia.org/wiki/Genocide
http://www.news-myanmar.com/2013/05/hindu-genocide-in-east-pakistan.html
http://www.ushmm.org/wlc/en/article.php?ModuleId=10007043 — with Saw Moe Kyaw and 18 others.
No comments:
Post a Comment