"ဖန်ဆင်းရှင်ဝါဒမဟုတ်သည့် ဗုဒ္ဓဘာသာ" (ဖြေရှင်းချက်)
******************************
************
အမေး။ ။ ဗုဒ္ဓဂေါတမဟာ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မဖန်တီးနိုင်ရင်
ဗုဒ္ဓဘုရားကို ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတာလဲ။ (Maung Maung)
အဖြေ။ ။ ကောင်းပြီ။ (Maung Maung) မင်းသေသေချာချာဖတ်နော်။
ပြီးရင် မင်းကိုလည်း ငါ မေးခွန်းတစ်ခုထပ်မေးမယ်။ မင်းမေးတဲ့မေးခွန်းကို
ငါဖြေမယ်။ ငါတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားရှင်ဟာ
ဘုရားဖြစ်တော်မူစဉ်ဆိုတာ အခုအထိ အထင်အရှားရှိတယ်။ မင်းသိချင်ရင်
မြန်မာပြည်မှာ မစုံစမ်းနဲ့ဦး။ တကယ်တန်းသတ္တိရှိမယ်ဆိုရင် အိန္ဒိယကိုလာခဲ့။
အဲဒီမှာ မြတ်စွာဘုရားရှင် မွေးဖွားတော်မူခဲ့တဲ့ နေရာ၊
မြတ်စွာဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့သည့်နေရာ၊ တရားဦး
ဓမ္မစကြာဟောတော်မူခဲ့တဲ့နေရာ၊ ပရိနိဗ္ဗာန်စံတော်မူခဲ့သည့်နေရာ၊
၄၅ဝါကာလပတ်လုံး သီတင်းသုံးတော်မူခဲ့သည့်နေရာ ဆိုပြီး သမိုင်းအထောက်အထားနဲ့
တိတိကျကျရှိတယ်။ ငါတို့ အယူအဆနဲ့ အသိမှတ်ပြုခဲ့တာမဟုတ်ဘူးနော်။
အိန္ဒိယတစ်နိုင်ငံလုံးအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက သမိုင်းပညာရှင်တွေ
အတည်ပြုပေးခဲ့တဲ့ နေရာတွေဖြစ်တယ်။ အဲဒါအပြင် ဘုရားဖြစ်အောင်
ကျင့်ကြဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်တွေရယ် ဖြည့်ကျင့်ရတဲ့ နှစ်တွေရယ်ကိုပါ
အတိအကျပြောနိုင်တယ်။ ငါတို့ဘာသာက ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်
ဘာသာမျိုးမဟုတ်ဘူး။ (ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ) ဘုရားတစ်ဆူဆူ ပွင့်တော်မူဖို့
ခဲယဉ်းခြင်းဆိုတဲ့ အတိုင်း မြတ်စွာဘုရားအလောင်းတော်ဟာ
သူမြတ်စွာဘုရားဖြစ်အောင် သာမန်လူတို့ ကျင့်ကြံဖို့ခက်ခဲတဲ့ ပါရမီတော်တွေကို
တစ်ခုမကျန် အကုန်ဖြည့်ကျင့်တော်မူခဲ့သလို နှစ်ကာလ ဘဝတွေလည်း
ခြားပြီးဖြည့်ကျင့်ခဲ့တာမျိုးမရှိခဲ့ဘူး။
ဆိုလိုတာက ဒီဘဝမှာတော့ ဒါနပါရမီလောက်ပဲ ဖြည့်ကျင့်ပြီး ကျန်တဲ့
ပါရမီကိုးပါးကို မဖြည့်ကျင့်တော့ဘဲ နောက်ဘဝကျမှ ဖြည့်ကျင့်မယ်ဆိုတာမျိုး
မလုပ်ခဲ့ဘူး။ ဘဝတိုင်း ဘဝတိုင်းမှာ ပါရမီတော်တွေကို တစ်ခုမကျန်အကုန်
ဖြည့်ဆည်းခဲ့ပါတယ်။ ပါရမီဖြည့်ကျင့်တဲ့အခါမှာ စိတ်ပါလက်ပါ
အင်တိုက်အားတိုက်နှစ်နှစ်ခြိုက်ခြိုက်
ဖြည့်ကျင့်ခဲ့ပါသေးတယ်။ ဆိုလိုတာက ပါရမီတော်တွေကို ဖြည့်ကျင့်တဲ့ နေရာမှာ
စိတ်ပါသလိုလို မပါသလိုလို ဖြည့်ကျင့်ချင်သလိုလို မဖြည့်ကျင့်ချင်သလိုလို
ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ပြီးတော့ ငါတို့ကိုးကွယ်ဆည်းကပ်တော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သူကိုယ်သူ ဘုရားဖြစ်အောင် ဖန်ဆင်းတာမျိုးမလုပ်နိုင်ဘူးဆိုတာကို
အထက်ကဖော်ပြခဲ့တဲ့အချက်တွေကို ထောက်ဆကြည့်ရင်သိနိုင်ပါတယ်။ မင်းအနေနဲ့
စာတတ်တယ်ဆိုရင်ပေါ့။ သူကိုယ်တိုင်တောင် မြတ်စွာဘုရား အဖြစ်ကို ရောက်အောင်
မဖန်ဆင်းနိုင်လို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တွေကို
လေးသင်္ချေကမ္ဘာတစ်သိန်းနဲ့ ကျင့်ဖို့ခက်ခဲတဲ့ ဒုက္ကရစရိယ အကျင့်တွေကို
အလောင်းတော်ဘဝမှာ၆နှစ်ပတ်လုံး ကျင့်ကြံမှသာ မြတ်စွာဘုရားရှင်အဖြစ်ကို
ရောက်တော်မူခဲ့တာပါ။ ဆိုတော့ သူကိုယ်တိုင်တောင် (Automatically)
မြတ်စွာဘုရားရှင်အဖြစ်ရောက်အောင်
မဖန်ဆင်းနိုင်ခဲ့ပါဘူးဆိုတော့ တခြား သူများရဲ့ ကောင်းကျိုး ဆိုးကျိုးကို
ဆင်းရဲ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊စတာတွေကို ဘယ်လိုလုပ်ပြီး ဖန်ဆင်းမည်နည်း။
ပြီးတော့ (Creator) မဟုတ်တဲ့ တကယ့်အစစ်အမှန်
ဘုရားအလောင်းတော်ဖြစ်ဖို့အကြောင်းအရင်းတွေ
ရှိနေတယ်ဆိုတာရော မင်းသိပါလား၊ ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်အနေနဲ့တော့
ဘုရားဆိုတာမျိုးကို ဖန်ဆင်းလိုက်ရင်ပြီးတာပဲလို့ ဆိုကောင်းဆိုပါလိမ့်မယ်။
တကယ်တန်း ကျက်သရေရှိရှိ အဆင့်အတန်းရှိရှိ၊ ကိုးကွယ်ထိုက်တဲ့
မြတ်စွာဘုရားမျိုးကျတော့လေ အဲဒီလိုမဟုတ်ပါဘူး။ ဘုရားအလောင်းတစ်ဦး
ဖြစ်ဖို့ဆိုတာက
၁။ လူဇာတ်စင်စစ်ဖြစ်ရခြင်း။ (သေသေချာချာဖတ်၊ နက်နက်နဲနဲတွေး)။
၂။ ယောက်ျားစင်စစ်ဖြစ်ရခြင်း။
၃။ ထိုဘဝမှာပင် အရဟတ္တဖိုလ်ကို ရနိုင် လောက်သော
ကုသိုလ်ပါရမီထူးနှင့်ပြည့်စုံသူဖြစ်ရခြင်း၊
(မြတ်စွာဘုရားအလောင်းတော် ဘုရားဆုပန်တော်မူခဲသည့် သုမေဓာရှင်ရသေ့ ဘဝမှာ
အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တဲ့ ကုသိုလ်ပါရမီအပြည့်အဝရှိနေခဲ့ပါတယ်။
ဒါပေမယ့် အရဟတ္တဖိုလ်ကို စွန့်လွှတ်ပြီး မြတ်စွာဘုရားအဖြစ်ကို
ဆုပန်တော်မူခဲ့ပါတယ်)။ ပြောသာပြောနေရတာ။ မင်းကြည့်ရတာလည်း ကုသိုလ်
အကုသိုလ်လည်းကွဲကွဲပြားပြား သိမယ်မထင်ပါဘူး။ အရဟတ္တဖိုလ်တို့
ပါရမီတို့ဆိုတာကတော့ သူငယ်တန်းကလေးကို မဟာဝိဇ္ဇာတန်း
စာပေတွေကိုပြောပြနေသလိုဖြစ်ပြီး
ဘာမှသိမည်မထင်ပါ။
၎။သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ဘူးရခြင်း။
(ဒီပင်္ကရာမြတ်စွာဘုရားရှင်ထံမှာ ဘုရားဆုပန်ခဲ့တာကို သတိပြုပါလေ)။
၅။ ကမ္မဝါဒီ(ကံကိုယုံကြည်သူ) ရသေ့(သို့မဟုတ်) သာသနာတွင်း ရဟန်းဖြစ်ခြင်း။
၆။ ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ခြင်း။
၇။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ အလွန်အကျူး ပါရမီကုသိုလ်တို့ကို ပြုစုပွားများ
အားထုတ်ခြင်း။
၈။ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ခြင်း ဆိုတဲ့
အချက်အလက်တွေ ပြည့်စုံရတယ် ဆိုတာကိုရော မင်းသိပါသလား။ နတ်တွေ ဗြဟ္မာတွေ
တန်ခိုးရှင်တွေက ဘုရားဖြစ်စေလို့ ပြောလိုက်ရုံနဲ့လည်း ဘုရားစင်စစ်
ဧကန်မဖြစ်ဘူးဆိုတာရော မင်းကြားဖူးပါသလား။
ဗုဒ္ဓဘာသာမှာတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဖန်ဆင်းရှင်လည်းမဟုတ်းဘူး။
သတ္တဝါတွေကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးဣဒ္ဓိပါဒ်လည်း မရှိဘူး။ သတ္တဝါတွေကို
ချမ်းသာအောင် ဆင်းရဲအောင်လည်း မလုပ်နိုင်ဘူး။ ပုဂ္ဂိုလ်သတ္တဝါ
တစ်ဦးတစ်ယောက်ရဲ့ ကောင်းမှု ဆိုးမှုဟာ မြတ်စွာဘုရားရှင်နဲ့ ဘယ်လိုမှ
မပတ်သတ်ဘူး။ အကောင်းနဲ့အဆိုး၊ ချမ်းသာတာနဲ့ ဆင်းရဲတာဟာ
တရားတော်အတိုင်းသာဖြစ်ရတယ်။ ကောင်းတဲ့တရား၊ ချမ်းသာစေတတ်တဲ့တရားတွေကို
ကြံစည်ပြောဆို လုပ်ကိုင်တဲ့ လူတွေဟာ လူကောင်း လူချမ်းသာဖြစ်ပြီး မကောင်းတဲ့
ဆင်းရဲစေတတ်တဲ့ တရားတွေကို ကြံစည်ပြောဆိုလုပ်ကိုင်တဲ့လူတွေဟာ
လူဆိုးလူဆင်းရဲတွေဖြစ်မယ်။ ပုဂ္ဂိုလ်သတ္တဝါတိုင်းဟာ မိမိရဲ့ဘဝကို
ချမ်းသာအောင် ဆင်းရဲအောင် ကောင်းအောင် ဆိုးအောင် ဖန်တီးနေတဲ့
ဗိသုကာတွေဖြစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့ အကောင်းနဲ့အဆိုး ချမ်းသာတာနဲ့
ဆင်းရဲတာကို ဗုဒ္ဓဘုရားရှင်လည်း မတတ်နိုင်ဘူး။ တခြားပုဂ္ဂိုလ်
တစ်စုံတစ်ယောက်ကလည်း မတတ်နိုင်ဘူး။ “ဘယ်သူမပြု မိမိမှု” ဆိုတဲ့ အယူအဆဟာ
ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်း အယူအဆ ဖြစ်တယ်။
သက်ရှိသတ္တဝါတွေရဲ့ အသက်ဝိညာဉ်ရော ရုပ်ခန္ဓာကိုယ်တွေပါ ဘယ်ဟာမှ
တည်မြဲတာမရှိဘူး။ သက်ရှိသက်မဲ့ မြင့်မြတ်သမျှ အားလုံးဟာ ပျက်စီးကုန်ရမယ်။
ဒါကြောင့် ဗုဒ္ဓကသူရဲ့ အယူဝါဒကို အနတ္တဝါဒလို့ ထုတ်ဖော်ကြေငြာတယ်။
အားလုံးတည်မြဲပါတယ်။ အနှစ်သာရရှိပါတယ်လို့ ယုံကြည်နေချိန်မှာ ဗုဒ္ဓက
မတည်မြဲဘူး၊ အနှစ်သာရမရှိဘူးလို့ ကြေငြာလိုက်တာဟာ အင်မတန်ကြီးမားတဲ့
မဟာတော်လှန်ရေးကြီး ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးကို သူရဲ့
တန်ခိုးဣဒ္ဓပါဒ်နဲ့ မဖန်တီးမပြုလုပ်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ဟာ တို့ကို
မ…စလိမ့်မယ်။ ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူတွေက ကိုးကွယ်နေတာ
မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင်ဟာ ဒိပြင်လူတွေ မတွေ့မသိသေးတဲ့ တရားတွေကို
အမှားနဲ့အမှန် ခွဲခြားသိမြင်ခဲ့တယ်။ မကောင်းကျိုးကို ပေးတတ်တဲ့
အကုသိုလ်အမှားတရားနဲ့ ကောင်းကျိုးကို ပေးတတ်တဲ့ ကုသိုလ်အမှန်တရားတွေကို
ခွဲခြားပြီး ဟောကြားခဲ့တယ်။ ဒီလိုကြံစည်ပြောဆို လုပ်ဆောင်မှုဟာ
ကောင်းတဲ့ဘဝကို ရောက်စေနိုင်တဲ့ သုဂတိလမ်းကောင်း၊ ဒီလိုကြံစည်ပြောဆို
လုပ်ဆောင်မှုဟာ မကောင်းတဲ့ဘဝ ရောက်စေနိုင်တဲ့ ဒုဂ္ဂတိလမ်းဆိုးဖြစ်တယ်လို့
လမ်းကောင်းနဲ့လမ်းဆိုး လမ်းမှန်နဲ့ လမ်းမှားကို ကွဲကွဲပြားပြား
ပြတ်ပြတ်သားသား ညွှန်ကြားခဲ့တယ်။ အဲဒီလို ကောင်းဆိုးလမ်းများကို
ညွှန်ပြခဲ့တဲ့ လမ်းညွှန်ပုဂ္ဂိုလ်မြတ်ကြီး တစ်ပါးအနေနဲ့ ကိုးကွယ်ဆည်းကပ်
ပူဇော်ကြခြင်းသာ ဖြစ်ပါတယ်။ တစ်ဘဝအတွက် သိသင့် သိထိုက်တဲ့ အသိပညာ
အတတ်ပညာတွေကို သွန်သင်ပြသတဲ့ ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို
လေးစားမြတ်နိုး ရှိခိုးပူဇော်တဲ့ သဘောသာဖြစ်တယ်။ ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ
အခြားဘာသာတွေမှာလို ကြောက်ရွံ့တဲ့သဘော၊ ကိုယ်လိုချင်တဲ့အကျိုးကို ရအောင်
မ..စ စေလိုတဲ့သဘော၊ သတ္တဝါတွေရဲ့ အသက်ကို သတ်ဖြတ်ပြီး ယာဇ်ပူဇော်ခြင်းစတဲ့
ပူဇော်မှုကို အကုသိုလ်တရားဖြစ်တယ်လို့သာ ဟောကြားထားပြီး၊ အဲဒီ
ယာဇ်ပူဇော်မှုဟာ မြတ်စွာဘုရားရှင်ကို ကျေးဇူးဆပ်တာဆိုတဲ့ အသုံးအနှုန်း၊
ယာဇ်ပူဇော်တဲ့အလုပ်ဟာ ကုသိုလ်သိုလ်ဖြစ်တယ်ဆိုတာ
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲမှာ မည့်သည့်ကျမ်းတွင်မှ
လုံးဝမပါဘူးဆိုတာကို ပြန်လည်ဖြေကြားလိုက်ပါတယ်။
မှတ်ချက်။ ။ဒီလို မေးခွန်းမျိုးကျတော့ ဘယ်သစ္စာဖောက်လောက်ကောင်မှ မဖြေဘဲ
ဘေးထိုင် ဘိုင်ကျ ဘုစကားပြောနေကြသေးတယ်။ ရှေ့ကို အင်တိုင်အားတိုက်
သွားနေတဲ့ ခရီးမှာ ရှေ့ကလည်း ဦးမဆောင်၊ နောက်ကလည်းမလိုက်ဘဲ ဘေးထိုင်
ဘိုင်ကျ ဘုစကားပြော ကိုးလို့ကန့်လန့် လုပ်နေတဲ့ သစ္စာဖောက်များ
ဆင်ဆင်ခြင်ခြင်နဲ့ အမျိုး ဘာသာ သာသနာအလုပ်ကို လုပ်ဆောင်နေသူတို့အား
မကူညီချင်နေပါ။ မနှောက်ယှက်ပါနဲ့၊ ဘုစကားပြောမယ့် နှုတ်များ ပိတ်နေကြပါလို့
တိုက်တွန်းလိုက်ပါတယ်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း
ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) — with Myint Sandar and 7 others.
No comments:
Post a Comment