Saturday, February 1, 2014

(၈) Only နဲ့ စသောဝါကျ
---------------------------
Only after,Only if,Only later,Only by တွေနဲ့ စတဲ့ဝါကျတွေကို Inversion နဲ့ ရေးရပါတယ်။

(1) Only after he arrived at the airport did he look for his passport.
လေဆိပ်ရောက်မှ သူ ပတ်စ်ပို့ကို လိုက်ရှာရသည်။
(2) Only if you look through this dark glass will you be able to see the spots on the sun.
မှန်အနက်နှင့်ကြည့်မှသာ နေပေါ်မှ အပြောက်များကို တွေ့နိုင်ပါမည်။
(3) We accepted the invitation. Only later did we suspect it might be a trap.
ဖိတ်ကြားမှုကို ကျွန်ုပ်တို့ လက်ခံလိုက်၏။လက်ခံပြီး မကြာခင်မှာပင် ထောက်ချောက်ဖြစ်လေမလားဟု သံသယ၀င်ခဲ့ကြသည်။
(4) Only by yelling angrily was the teacher able to control the class.
ဒေါသတကြီး အော်ငေါက်လိုက်မှသာ ဆရာက အတန်းကို ထိန်းနိုင်ခဲ့သည်။

မှတ်ချက်။ ။အောက်ပါ Only ပုံစံမျိုးကိုတော့ Inversion နဲ့ မရေးရပါ။
Only Moe Moe knew the answer to the question.
မေးခွန်းရဲ့အဖြေကို မိုးမိုးပဲ သိတယ်။

(၉) နာမ၀ိသေသနဖြင့် စသောဝါကျ
--------------------------------------
နာမ၀ိသေသနနဲ့စတဲ့ ၀ါကျတွေကိုလည်း Inv နဲ့ရေးရတယ်။

(1) Beautiful beyond belief was my baby daughter.
အခုမွေးတဲ့ ကျွန်တော့်ကမီးလေးက လှတယ်ဗျာ။မယုံနိုင်စရာပဲ။
(2) Happy about their acceptance into their dream schools were Kyaw Kyaw and Mu Mu.
သူတို့ စိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းတွေကို တက်ခွင့်ရလို့ ကျော်ကျော်နဲ့ မူမူတို့ ပျော်နေကြတယ်။
(3) Quick and painless will be your medical procedure.
ခင်ဗျားရဲ့ ဆေးကုသထုံးက မြန်ပြီး နာကျင်မှုလည်း မရှိဘူး။
(4) Gone are the days when he was young and full of energy.
သူ့ရဲ့သန်စွမ်းပြီး ငယ်ရွယ်ခဲ့တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ။
[* ဒီနေရာမှာတော့ past participle ကို နာမ၀ိသေသနလို သုံးထားပါ တယ်။]

No comments:

Post a Comment