Saturday, January 18, 2014


*ရခိုင် သမိုင်း* ''ရခိုင် အစ မာရယုက''ဆိုသော စကားအရ ရခိုင် တွင် မာရယုမင်းသည် မြို့ပြနိုင်ငံအဖြစ် ပထမဆုံးဓညဝတီမြို့ကို ဘီစီ(၃၃၂၅)တွင်စတင်တည်ထောင် ခဲ့သည်။ ထိုဓညဝတီမြို့တွင်မင်း(၅၇)ဆက် နှစ်ပေါင်း(၁၈၁၈)နှစ်ဖြစ်သည်။ ဒုတိယဓညဝတီခေတ်ကို ဓမ္မရာဇာမင်းကဘီစီ (၁၅ဝ)တွင်တည်ထောင်ခဲ့သည်။ ထိုမြို့တွင်မင်း (၂၈)ဆက် စိုးစံပြီးနှစ်ပေါင်း (၉၂၇)နှစ်ကြာမြင့်ခဲ့သည်။ တတိယဓညဝတီခေတ်ကို စန္ဒသူရိယမင်းသည်ဘီစီ(၅၈ဝ)တွင် တည်ထောင်ခဲ့ပြီးထိုမြို့၌မင်း(၂၅)ဆက် စိုးစံ၍နှစ်ပေါင်း (၉ဝ၇)နှစ်ကြာမြင့်ခဲ့သည်။ ဝေသာလီခေတ်ကို မဟာတိုင်းစန္ဒြားမင်းသည်အေဒီ(၃၂၇)တွင်တည်ထောင်၍မင်းဆက်(၂၆)ဆက် နှစ်ပေါင်း (၄၉)နှစ်ကြာမြင့်ခဲ့သည်။ လေးမြို့ခေတ်ကို ခေတ္တသင် မင်းသည် အေဒီ (၈၁၈ )တွင်တည်ထောင်၍ မင်းဆက် (၆၁)ဆက်နှစ်ပေါင်း (၆၁၂)နှစ်ကြာမြင့်ခဲ့သည်။ ထို့ကြောင့်ရခိုင်ဒေသတွင်ပ ပထမဓညဝတီခေတ်မှ မြောက်ဦးခေတ်ထိနှစ်ပေါင်း (၅၁ဝ၉)နှစ်မင်းဆက် ပေါင်း (၂၄၅)ဆက် အုပ်စိုးခဲ့ကြောင်းရခိုင်သမိုင်း မှတ်တမ်းများအရသိရှိရသည်။

No comments:

Post a Comment