(a) Moe Moe is more beautiful than any girl in the class.(☓)
အခန်းထဲမှာရှိတဲ့ အခြားမိန်းခလေးတွေထက် မိုးမိုးက ပိုလှတယ်။
Moe Moe is more beautiful than any other girl in the class. (✔)
(b) Nay Pyi Taw is greater than any city in Myanmar.(☓)
နေပြည်တော်ဟာ မြန်မာနိုင်ငံ အခြားမြို့တွေထက် ပိုပြီးကြီးကျယ်ခန်းနား တယ်။
Nay Pyi Taw is greater than any other city in Myanmar.(✔)
◙[2] Hot,easy,tall,small .....စတဲ့ တစ်သံတည်းရှိတဲ့(Monosyallable)
(a) This question is more easier than that .(☓)
ဒီမေးခွန်းက အဲဒီမေးခွန်းထက် ပိုလွယ်တယ်။
This question is easier than that .(✔)
(b) Khine Myo is more taller than Ko Ko Lin. (☓)
ခိုင်မျိုးဟာ ကိုကိုလင်းထက် အရပ်ပိုရှည်တယ်။
Khine Myo is taller than Ko Ko Lin. (✔)
◙[3] Elder/Eldest တို့ကို မိသားစုဝင်အချင်းချင်း ပြောတဲ့နေရာမှာပဲ သုံးရ ပါတယ်။Older/Oldest ကိုတော့ မိသားစုနဲ့မဆိုင်ပဲ အခြားလူတွေရဲ့အသက် နဲ့ အရာဝတ္ထုတွေရဲ့သက်တမ်းကို ပြောတဲ့အခါ သုံးရပါတယ်။
(a) Ronald Reagan was the eldest person elected to the Presidency in US history. (☓)
အမေရိကန်သမိုင်းမှာ ရော်နယ်ရေဂင်ဟာ သမ္မတရာထူးအရွေးခံရတဲ့ အသက်အရွယ်အကြီးဆုံး ပုဂွိုလ်ဖြစ်ပါတယ်။
Ronald Reagan was the oldest person elected to the Presidency in US history.(✔)
(b) Aung Myo is older to me in my family. (☓)
ကျွန်တော့်မိသားစုမှာ အောင်မျိုးက ကျွန်တော့ထက် အကြီးပါ။
Aung Myo is elder to me in my family.(✔)
(c) This is the eldest tree in the garden.(☓)
ဥယျာဉ်ထဲမှာ ဒီအပင်က သက်တမ်းအရင့်ဆုံးပဲ။
This is the oldest tree in the garden.(✔)
◙[4] နာမ၀ိသေသနနဲ့ အရာဝတ္ထုတွေကို နှိုင်းယှဉ်ပြတဲ့အခါ နှိုင်းယှဉ်ခံရတဲ့ နာမ်ဟာ နှိုင်းတဲ့နာမ်နဲ့ တူညီရပါမယ်။အခြားနာမ်နဲ့ မနှိုင်းယှဉ်ရပါဘူး။
(a) The climate of Taungyi is better than Mandalay.(☓)
တောင်ကြီးရာသီဥတုက မန္တလေးရာသီဥတုထက် ပိုကောင်းတယ်။
The climate of Taungyi is better than that of Mandalay.(✔) -
The climate of Taungyi is better than the climate of Mandalay.(✔)
(b) The population of Yangon is greater than Mandalay.(☓)
ရန်ကုန်လူဦးရေက မန္တလေးလူဦးရေထက် ပိုများတယ်။
The population of Yangon is greater than that of Mandalay.(✔)
The population of Yangon is greater than the population of Mandalay.(✔)
◙[5] Prefer ဆိုတဲ့ကြိယာရော ၊သူကနေဆင်းသက်လာတဲ့ Preferable ရော နောက်ကနေ to လိုက်ရပါတယ်။Than မဟုတ်ပါ။
(a) She prefers milk than coffee. (☓)
သူမဟာ ကော်ဖီထက် နွားနို့ကို ပိုကြိုက်တယ်။
She prefers milk to coffee.(✔)
(b) Winter is preferable than summer. (☓)
ဆောင်းရာသီက နွေရာသီထက် ပိုနှစ်သက်စရာကောင်းတယ်။
Winter is preferable to summer.(✔)
◙[6] excellent,unique,perfect,major
(a) It is more excellent. (☓)
အဲဒါက တော်တော်ကောင်းတာပဲ။
It is excellent.(✔)
(b) This copy is more perfect.(☓)
ဒီမိတ္တူက ပိုပြီးပြည့်စုံကောင်းမွန်တယ်။
This copy is perfect.(✔)
◙[7] Interior/Superior/Junior/
(a) They are senior than me. (☓)
သူတို့က ကျွန်တော်ထက် စီနီယာကျတယ်။ (အတန်း/ရာထူး/အသက် ပိုကြီးတယ်)
They are senior to me. (✔)
(b) Su Su is more senior to me.(☓)
ကျွန်တော့်ထက် စုစုက ပိုပြီး စီနီယာကျတယ်။
Su Su is senior to me.(✔)
မှတ်ဖွယ်ရာတစ်ချို့..
▲First/Second...စတာတွေကို Ordinal Numbers (အစဉ်ပြကိန်း)လို့ခေါ် ပါတယ်။ One/Two/Three စတာတွေကိုတော့ Cardinal Numbers...လို့ ခေါ်ပါတယ်။သူတို့နှစ်ခုကို တွဲသုံးချင်ရင် First/Second....စတဲ့ Ordinal Numbersကို ရှေ့မှာ ထားရပါမယ်။
The five first chapters of this book are very interesting. (☓)
ဒီစာအုပ်ရဲ့ ပထမအခန်း ငါးခန်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
The first five chapters of this book are very interesting. (✔)
▲၀ါကျတစ်ကြောင်းထဲမှာ နှိုင်းယှဉ်မှုအဆင့်မတူတဲ့ နာမ၀ိသေသနနှစ်ခုကို သုံးရင် နှစ်ခုစလုံးက အသီးသီး အဓိပ္ပါယ်ပြည့်စုံနေရပါမယ်။
He is as good if not better than his brother. (☓)
သူက..သူ့အစ်ကိုထက် မသာရင်တောင် သူ့အစ်ကိုလောက်တော့ တော်ပါ တယ်။
He is as good as if not better than his brother.(✔)
▲လူတစ်ယောက်တည်းကိုပဲ အရည်အသွေးနာမ၀ိသေသနနှစ်ခုကို နှိုင်းယှဉ် ရင် နာမ၀ိသေသနတိုင်းအတွက် more ကို သုံးပါ။
Win Naing is wiser than strong. (☓)
ဝင်းနိုင်က သန်မာတာထက် ညဏ်ပိုကောင်းတယ်။
Win Naing is more wise than strong. (✔)
No comments:
Post a Comment