Tuesday, September 24, 2013


ရခိုင်ပြည်အနာဂတ်နှင့် ရခိုင်တိုင်းရင်းသားများဘဝ
*=*=*=*=*=*=*=*=*=*=*=*=*=*=*=
*=*=*=*=*=*=*=
ဗမာပြည်ဟုခေါ်တွင်သော နိုင်ငံထဲမှ ရခိုင်ပြည်ကြီးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်ခွဲထွက်ဖို့ တောင်းဆိုနေသည့်အတွက် ဗမာအမျိုးသား အားလုံးလိုလိုက ရခိုင်တို့ကို ကျဉ်းမြောင်းသူများဟု စွပ်စွဲကြပေသည်။ ရခိုင်တို့သည် ဗမာများနှင့်မတူ ကွဲပြားခြားနားသော ၀ိသေသလက္ခဏာများရှိသောကြောင့် ဗမာများနှင့် လက်တွဲနေထိုင်ဖို့သော်၎င်း၊ ခွဲထွက်ဖို့သော်လည်းကောင်း ရခိုင်တို့မှာကားကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုယုံကြည်ပါသည်။ ရခိုင်တို့သည် ကိုယ့်ချင်း ကိုယ့်မင်းနှင့် ရာစုနှစ်ပေါင်းများစွာ သီးခြားနေထိုင်လာခဲ့ပြီး ဗမာအမျိုးသားများလက်ထဲ၌ အတိတ်နှင့်ပစ္စုပ္ပန်ကာလ နှစ်ခုစုံလုံးကိုပါ လူ့အခွင့်ရေးပေါင်းမြောက်များစွာ ဆုံးရူံးနေရသည်။ မိမိတို့ဘုရင်ကို သတ်ခဲ့သောသူ၊ မိမိနေမြေကိုကျူးကျော်လျှက် မိမိတို့၏ စာပေယဉ်ကျေးမှုအစဉ်အလာများကို ဖျက်စီးခဲ့သော၊ လက်ရှိဘ၀၌လည်း ဖျက်စီးနေသောသူများနှင့် အတူနေထိုင်၍ မည်ကဲ့သို့ပျော်နိုင်မှာမဟုပ်ပါဘူး။ ဒါပေမယ့်လည်းရခိုင်တို့ကို ဗမာတို့က ကျဉ်းမြောင်းသူများဟု စွပ်စွဲလာလျှင် သူများနေမြေများကို ကျူးကျော်လျှက် အခြားတိုင်းရင်းသားလူမျိုးများ ကိုပါမျိုးဖြုတ်သတ်ဖြတ်နေသူများဟာဘယ်သူတွေနည်းဟုမေးလိုက်ပါ ဗမာခေါင်းဆောင်တွေနှင့် ဗမာ စစ်သားများပင်ဖြစ်သည်ဟု မြန်မာပြည်တွင်နေထိုင် ကြသော တိုင်းရင်းသားများက ဖြေကြားပါမည်။ ဗမာလူမျိုးတို့သည် ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်သည့်အချိန်မှစ၍ ရခိုင်လူမျိုးများအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။ ဒီနေ့ထိလည်း အုပ်စိုးသူဗမာ့ခေါင်းဆောင်များက လူ့အခွင့်ရေးပေါင်းမျိုးစုံကို လျှိုးဖေါက်လျှက် ရှိနေဆဲပါဘဲ။ ရခိုင်လူမျိုးများမှာ ဗုဒ္ဓဘာသာဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးးကြသည်။ ထို့ကြောင့် ရခိုင်အမျိုးသားအချို့မှာလည်း အုပ်စိုးသူခေါင်းဆောင်များ၏ နှိပ်ကွက်ရက်စက်မှုကို မခံနိုင်သောအဆုံးစွန်၌ ငြိမ်းချမ်းသောနေမြေကို ရှာဖွယ်ရန်အတွက် မိမိနေမြေကို စွန့်ခွာလာခဲ့ကြသည်မှာ ယနေ့ထိပါဘဲ။ တချို့တို့မှာ အလုပ်အကိုင်ရှာဖွယ်ပြီး သူတို့၏ဘ၀ကို ရပ်တည်နေနိုင်ရန်အတွက် ထိုင်းနိုင်ငံသို့လည်းကောင်းအခြားနိုင်ငံတွေကိုလည်းကောင်း ရောက်ရှိခဲ့ကြရသည်။ တစ်ခါတစ်လေထိုင်းရဲများက ဖမ်းဆီးးပြီး နယ်စပ်သို့ပြန်ပို့ခြင်းခံရသော်လည်း အာဏာသျှင်နယ်ချဲ့စစ်အစိုးရတို့၏ ဖိနှိပ်မှုလက် အောက်မှာထက် လုံခြုံမှုရှိသည်ဟု ခံယူကြသည်။ ကျွန်တော်တို့ဘိုးဘွား၊ ဘီဘင်များသည် ထွန်းလင်းတောက်ပြောင်သော ရခိုင်မင်းနှင့်ပြည်တော်တွင် ဗုဒ္ဓဘာသာ ရခိုင်ဘုရင်များ၏ အုပ်ချုပ်မှုလက်အောက်၌ တွင်နေထိုင်ခဲ့ရသောကြောင့် ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနှင့် နှစ်မြို့ဖွယ်ရာများစွာက ၎င်းတို့၏အိပ်မက်များကိုဖော်ဆောင်နိုင်ခဲ့ကြသည်။ သို့သော် ဗမာတို့၏ကျွန်ပြုမှုကို ခံခဲ့ရပြီးနောက်ပိုင်းတွင်မူ ရခိုင်ပြည်သည် သဘာဝသယံဇာတမျိုးစုံ ပိုးများနေသော်လည်း ဆင်းရဲခြင်း၊ မျက်ရည်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည်ကား ရခိုင်တိုင်းရင်သားများအတွက် နေ့စဉ်အိပ်မက်ဖြစ်လာခဲ့ရသည်။ တနည်းအားဖြင့် ဆိုသော် ရခိုင်ပြည်တွင် ဗမာကျွန်ပြုခြင်းခံခဲ့ရသည်။ ရခိုင်ပြည်သည် ကိုလိုနီဖြစ်ပါလျှက်နှင့် လူများမသိသော ကျွန်ပုန်းကိုလိုနီဖြစ်ခဲ့ရသည်မှာ အလွန်တရာမှဝမ်းနည်းစရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်အတိတ်နှင့် ပစ္စုပ္ပန်တို့သည် ကျွန်တော်ရခိုင်လူမျိုးများ၏နှလုံးအိမ်ကို နေ့စဉ်ရက်ဆက် ရိုက်ခတ်ခြင်းကြောင့် ဒီဇင်ဘာလ ၃၁-ရက်နေ့ကျရောက်တိုင်း မျက်ရည်များနှင့်ကျွန်တော်တို့ ပြည့်နှက်နေကြရသည်။ ဤအချုပ်အခြာအာဏာကျဆုံးခဲ့သောနေ့ကို ရခိုင်လူမျိုးများအနေဖြင့် မည်ကဲ့သို့ မေ့ရပါမည်နည်း။ ထိုနေ့သည် ရခိုင်သားများအတွက် မေ့ပျောက်၍မရနိုင်သောနေ့တစ်နေ့ဖြစ်တာကြောင့် ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးသောနေ့ကို အခွင့်အခါရတိုင်း ကျွန်တော်တို့ရခိုင်လူမျိုးများကျင်းပကြပါသည်။ ဤသို့ကျင်းပခြင်းဖြင့် ရခိုင်ပြည်သည် အစစ်အမှန်ကိုလိုနီတိုင်းပြည်ဖြစ်သည်ကို ပြင်ပကမ္ဘာမှသိအောင် ဖန်တီးပေးနိုင်ခြင်းတစ်ခုလည်းဖြစ်ပါမည်။ဒါပေမယ့် အခုအချိန်ထိလည်း ရခိုင်တို့ဘ၀မှာ ဘယ်မှာလဲ ငါတို့သယံဇာတ၊ ဘယ်မှာလဲ ငါတို့ယဉ်ကျေးမှု ၊ ဘယ်မှာလဲ ငါတို့ရဲ့စာပေ၊ဘယ်မှာလဲ ငါတို့တိုင်းရင်းသား လူ့အခွင့်အရေး၊ဘယ်မှာလဲ ငါတို့အတွက် အမျိုး ဘာသာ လုံခြုံရေး ၊မင်းတို့ပြောတဲ့ ငြိမ်းချမ်းရေးကဘာတွေလည်းလို့ ရင်ဖွင့်နေရပေမယ့်လည်းရခိုင်တို့ဘ၀ဆက်လက်ပြီး မငိုချင်တော့ပါ။လက်ကြီးကျွေးတာစား ထွားကျိုင်းလာတဲ့
ဒီဂုဏ်သရေရှိ ပါးစပ်ကြီးကပဲ ဘုံပဟေဠိတွေနဲ့
ဥုံမခံ ရွတ်တော့မည်ဖြစ်ပါသောကြောင့်လည်း သတိထားစဉ်းစားဆုံးဖြတ်ကြပါ ကျွန်တော်တို့အနေဖြင့်လည်း လေးဝတီသားများညီညွတ်မှုဖြင့် အဖရခိုင်ပြည်ကြီးကို ကူညီစောက်ရှောက်ကြပါရန် ပြောကြားရင်း…..
အားလုံးကိုလေးစားလျှက်

No comments:

Post a Comment