ဝ” ပြည်နယ်အဖြစ်အသိအမှတ်ပြု ပြဋ္ဌာန်းရန်တရား ၀င် တောင်းဆို
|
2013-09-17 00:00:00

“၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအား သံလွင်မြစ်တစ်ဖက်ကမ်းမှ တွေ့ရစဉ်
ဓာတ်ပုံ - မောင်တာ
““၀””ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဖြစ် တရားဝင်ပြဋ္ဌာန်းရန် ““၀”” ဒီမိုကရက်တစ်ပါတီက တရားဝင် တောင်းဆိုလိုက်သည်။
““ပကတိအရှိတရားကိုလက်ခံပြီး ပြည်နယ်အဖြစ် ဖွဲ့စည်းရေးနဲ့ ““၀””ပြည်နယ် အသိအမှတ်ပြု ပြဋ္ဌာန်းရန် တောင်းဆိုမှုကို ခြွင်းချက်မရှိ လိုလားထောက်ခံ တောင်းဆိုလျက်ရှိပါတယ်””ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်ပေါင်းနပ်က ပါတီ၏သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းပါတီအနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးရန် လိုလားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးခြင်းကို ထောက်ခံကြောင်း တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို ဖြေလျှော့သောနည်းလမ်းဖြင့် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း စသည့်အချက် ရှစ်ချက်ပါဝင်သော သဘောထားကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
““၀””ဒီမိုကရက်တစ်ပါတီသည် ယခင်ကလည်း ““၀””ပြည်နယ်အဖြစ် အသိအမှတ်ပြုဖွဲ့စည်းပြဋ္ဌာန်းပေးရန် ထုတ်ဖော်ပြောကြားမှုများရှိခဲ့ရာ ယင်းပြောကြားမှုအပေါ် တိုင်းရင်းသားများက သဘောထားအမျိုးမျိုးဖြင့် တုံ့ပြန်ပြောဆိုခဲ့ကြသည်။

No comments:
Post a Comment