Tuesday, February 18, 2014

◙[1] Too much ဆိုတဲ့ ကြိယာဝိသေသနကို နာမ်(N) နဲ့ တွဲသုံးရပါတယ်။ Much too ကိုတော့ နာမ၀ိသေသန(Adj)နဲ့ တွဲသုံးပါ။
(Too much+ Noun) နဲ့ (Much too+ Adj) ဆိုပြီးမှတ်ရမှာပေါ့။

(a) His rude behavior is too much painful for me.(☓)
သူ့ရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကြောင့် ငါ..အရမ်းကို စိတ်မချမ်းမြေ့ ဖြစ်ရတယ်။
His conduct is much too painful for me. (✔)

(b) His rude behavior gives me much too pain.(☓)
သူ့ရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကြောင့် ငါ..အရမ်းကို စိတ်မချမ်းမြေ့ ဖြစ်ရတယ်။
His rude behavior gives me too much pain.(✔)

◙[2] Enough ဆိုတဲ့ ကြိယာဝိသေသနကို -er/-est နာမ၀ိသေသနတွေနဲ့ မသုံးရပါဘူး။မူရင်းနာမ၀ိသေသနနဲ့ပဲ သုံးရပါတယ်။

(a) He is more intelligent enough to follow you.(☓)
မင်းကို လိုက်နာနိုင်လောက်အောင် သူက ထက်ထက်မြက်မြက် ရှိပါတယ်။
He is intelligent enough to follow you.(✔)

(b) She is enough lucky to get the job. (☓)
သူမက..အလုပ်ရနိုင်လောက်အောင် ကံကောင်းပါတယ်။
She is lucky enough to get the job.(✔)

◙[3] Seldom/Never/Hardly/Rarely/Scarcely/Barely/Neither/Never/ Only/Not only ....စတဲ့ ကြိယာဝိသေသနတွေနဲ့ ......၀ါကျကို စမယ်ဆိုရင် Inversion ကို သုံးရပါမယ်။ကတ္တား(Sub) ရှေ့မှာ အကူကြိယာ(Auxiliary Verb) ကို ထားရပါမယ်။

(a) Hardly he goes to school.(☓)
သူက..ကျောင်းတက်ခဲတယ်။
Hardly does he go to school. (✔)

(b) Seldom I go to films.(☓)
ငါက..ရုပ်ရှင်သွားကြည့်ခဲတယ်။
Seldom do I go to films.(✔)

(c) Only by working hard,he got success.(☓)
အရမ်း ကြိုးစားလိုက်မှပဲ သူ အောင်မြင်သွားတော့တယ်။
Only by working hard,did he get success. (✔)

(d) Not only she reads but also she writes.(☓)
သူက..စာဖတ်တတ်ရုံတင်မက စာလည်းရေးတတ်တယ်။
Not only does she read but also she writes.(✔)

◙[4] As ကို Call နဲ့ Consider ကြိယာတွေ နောက်မှာ မသုံးရပါဘူး။

(a) He called me as a fool. (☓)
သူက..ငါ့ကို အရူးလို့ ခေါ်လိုက်တယ်။
He called me a fool. (✔)

(b) I always consider him as my brother.(☓)
ကျွန်တော်က သူ့ကို အစ်ကိုတစ်ယောက်လို သဘောထားတာပါ။
I always consider him my brother.(✔)

◙[5] Pleased/Interested/Satisfied/Delighted စတဲ့ နာမ၀ိသေသနတွေကို very နဲ့ တွဲမသံးရပါ။much နဲ့ သုံးရပါမယ်။

(a) I am very interested to play football.(☓)
သူက ..ဘောလုံးကစားတာကို အရမ်းစိတ်ဝင်စားတယ်။
I am much interested to play football. (✔)

(b) I am very pleased to meet you.(☓)
ခင်ဗျားကိုတွေ့ရတာ အရမ်း ၀မ်းသာတယ်ဗျာ..။
I am much pleased to meet you.(✔)

မှတ်ဖွယ်ရာတစ်ချို့
≈≈≈≈≈≈≈≈≈≈≈
█ [1] Handsome ကိုquite နဲ့ မသုံးပါနဲ့။very နဲ့သုံးပါ။

He is quite handsome.(☓)
သူက..တော်တော်ချောတယ်။
He is very handsome. (✔)

█ [2] Late က.."နောက်ကျပြီး" လို့ဆိုလိုတယ်။ Latelyကတော့.."မကြာ သေးခင်က"..လို့ အဓိပ္ပါယ်ရတယ်။

He was punished for coming lately.(☓)
သူ..နောက်ကျရောက်လာလို့ အပြစ်ပေးခံခဲ့ရတယ်။
He was punished for coming late. (✔)

█ [3]-er နာမ၀ိသေသနတွေမှာ very much ကို သုံးပါ..။

He is much better to stay here tonight. (☓)
သူ..ဒီည..ဒီမှာနေရင်..ပိုကောင်းမယ်။
He is very much better to stay here tonight.(✔)

No comments:

Post a Comment