▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀
ဒီနေ့တော့..article (a,an,the) နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။အောက်က..နမူ
◙[1] အရေအတွက်ကိန်းတစ်ခုကို ညွှန်းတဲ့ half ရဲ့ရှေ့မှာ a ကို သုံးရပါမယ်။
(1-a) I stayed in Hakha for three and half years. (☓)
ငါ...ဟားခါးမှာ သုံးနှစ်ခွဲကြာ နေခဲ့တယ်။
I stayed in Hakha for three and a half years. (✔)
(1-b) He spent one and half a half dollars.(☓)
သူ..တစ်ဒေါ်လာခွဲ သုံးခဲ့တယ်။
He spent one and half a half dollars. (✔)
◙[2]...of the two ဆိုတဲ့ စကားစုပါရင် ရှေ့က နှိုင်းယှဉ်ပြနာမ၀ိသေသန (-er) ရှေ့မှာ the ခံရေးရပါတယ်။
(2-a) Mya Mya is better of the two pupils.(☓)
တပည့်နှစ်ယောက်ထဲမှာ မြမြက ပိုသာတယ်။
Mya Mya is the better of the two pupils. (✔)
(2-b) This is the best of the two books.(☓)
စာအုပ်နှစ်အုပ်ထဲမှာ ဒီစာအုပ်က ပိုကောင်းတယ်။
This is the better of the two books.(✔)
◙[3] Breakfast,lunch,supper စတဲ့အစားစာနာမည်တွေရှေ့မှာ article မသုံးရပါ။
(3-a) I have the breakfast at 8 hrs in the morning.(☓)
ကျွန်တော်..မနက်(၈)နာရီမှာ မနက်စာ စားပါတယ်။
I have breakfast at 8 hrs in the morning.(✔)
(3-b) They are having the lunch at a restaurant.(☓)
စားသောက်ဆိုင်တစ်ခုမှာ သူတို့ နေ့လည်စာ စားနေကြတယ်။
They are having lunch at a restaurant.(✔)
◙[4] The နဲ့ Adj ပေါင်းရင် အုပ်စုတစ်ခုလုံးကို ညွှန်းတဲ့အများကိန်းနာမ် ဖြစ်သွားပါတယ်။ဒါ့ကြောင့်..အမျာ
(4-a) The rich is responsible for the lawlessness in the country.(☓)
နိုင်ငံမှာ ဥပဒေမလေးစားမလိုက်နာတာဟာ ချမ်းသာတဲ့သူတွေမှာ တာဝန်ရှိတယ်။(ချမ်းသာတဲ့လူတွေက တရားခံပဲ။)
The rich are responsible for the lawlessness in the country.(✔)
(4-b) The poor has nothing to eat.(☓)
ဆင်းရဲတဲ့သူတွေမှာ စားစရာမရှိပါ။
The poor have nothing to eat.(✔)
◙[5] Elect/Make/Appoint တွေကို ကံနှစ်ခုလိုက်ရင် ၊တစ်နည်း Di-transitive verb အဖြစ်သုံးရင်..နောက်ဆုံးကကံ (Direct Obj) ကို article မခံရပါ။
(5-a) We appointed him a chairman.(☓)
သူ့ကို တို့က ဥက္ကဋ္ဌခန့်လိုက်တယ်။
We appointed him chairman.(✔)
(5-b) We made him a leader.(☓)
တို့က သူ့ကို ခေါင်းဆောင်လုပ်ခိုင်းခဲ့တယ်။
We made him leader.(✔)
►►►မှတ်ချက်။ ။The Government has appointed a committee.(✔)
"အစိုးရက ကော်မီတီတစ်ရပ်ကို ခန့်အပ်တာဝန်ပေးခဲ့တယ်။"ဆိုတဲ့.
◙[6] type of/kind of/title of/rank of တွေရဲ့နောက်မှာလည်း articles မသုံးရပါ။
(6-a) He is not that sort of a man.(☓)
သူက..အဲလိုလူမျိုး မဟုတ်ပါဘူးကွာ။
He is not that sort of man.(✔)
(6-b) Ko Ko Tun was promoted to the rank of a General Manager.(☓)
ကိုကိုထွန်းကို အထွေအထွေမန်နေဂျာအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်။☺
Ko Ko Tun was promoted to the rank of General Manager.(✔)
No comments:
Post a Comment