===========
(PARALLELISM PART-5)
(5) Correlative Conjunction နှင့် Parallelism
------------------------------
Parallelism နဲ့ပတ်သက်ပြီး နောက်ဆုံးဖော်ပြမယ့်အပိုင်းကတော
Correlative Conjunction တွေကတော့..Both...and....,Eithe
ဒီ Correlative Conjunction တွေရဲ့နောက်မှာလည်း ပုံစံတူစကားတွေ (Parallel elements)လိုက်ရပါမယ်။
ကဲ..နမူနာကြည့်ရအောင်...
(1) Petroleum is used not only in fuels but also in plastics.
ဓာတ်ဆီကို လောင်စာနှင့် ပလပ်စတစ် (ထုတ်ရာ)တွင် သုံးသည်။
ဒီဝါကျမှာ .. Not only...but also.. နောက် in fuels နဲ့ in plastics.ဆိုတဲ့ ပုံစံတူ စကားစုလိုက်ထားလို့ Parallelism ဖြစ်ပါတယ်။
(2) The speeches were neither too long nor too short.
ပြောတဲ့စကားတွေက မရှည်လွန်း၊မတိုလွန်းပါပဲ။
Neither ...nor..နောက်မှာ too long နဲ့ too short နာမ၀ိသေသန လိုက်လို့ parallel ဖြစ်ပါတယ်။ဒါကို ဒီလိုပြင်ရေးလဲ ရတယ်။
Neither the speeches were too long nor they were too short.
ဒီနေရာမှာတော့ Neither ...nor..နောက်မှာ ၀ါကျ(S+V)လိုက် ပုံစံတူရေးလို့ Parallelism ဖြစ်ပါတယ်။
(3)The storm will be moving either east through Min Tat or northeast through Hakha.
မုန်တိုင်းဟာ မင်းတပ်ကို ဖြတ်ပြီးအရှေ့ဖက်၊ ဒါမှမဟုတ် ဟားခါးကိုဖြတ်ပြီး အရှေ့မြောက်ဖက်ကို ရွေ့လျားလိမ့်မယ်။
Either...or.... နောက်တွေမှာ east through Min Tat နဲ့ northeast through Hakha. ဆိုတဲ့ တူညီတဲ့ စကားစုတွေလိုက်လို့ Parallelism ဖြစ်ပါ တယ်။
(4) I would like both to buy a new house and to purchase a new car.
ငါက အိမ်သစ်တစ်လုံးလည်းဝယ်ချင်တယ်။က
ဒီဝါကျမှာ..both...and... နောက် to buy a new house နဲ့ to purchase a new car ဆိုတဲ့ To+V1 ပုံစံတူလိုက်တဲ့အတွက် Parallel ဖြစ်ပါတယ်။
(5)They were told to either reduce the staff or find new customers.
ဝန်ထမ်းအင်အားလျှော့ဖို့ ဒါမှမဟုတ် ကပ်စတန်မာ အသစ်တွေ ရှာဖို့ သူတို့ကို ပြောထားတယ်။
ဒီဝါကျမှာလဲ either...or... ရဲ့နောက်မှာ reduce the staff နဲ့ find new customers ဆိုတဲ့ V1+Obj ပုံစံတူလိုက်လို့ parallelism ဖြစ်ပါတယ်။
They were told either to reduce the staff or to find new customers. ဆိုပြီး infinitive နဲ့လည်း ရေးနိုင်ပါတယ်။
(6) Ko Ko Tun is neither going to the class nor doing his homework.
ကိုကိုထွန်းဟာ အတန်းတက်မှာ မဟုတ်သလို အိမ်စာလည်း လုပ်မှာ မဟုတ် ပါ။
ဒီမှာလည်း going to the class နဲ့ doing his homework ပုံစံတူကို either .. or..နောက်မှာထားလို့ Parallel ဖြစ်ပါတယ်။
(7) I hope not only to go to France but also to live there later on.
ပြင်သစ်ကို သွားဖို့ရော ၊ ရှေ့ဆက်ပြီး အဲဒီမှာ နေဖို့ပါ ငါမျှော်လင့်ထားတယ်။
ဒီဝါကျမှာ not only....but also.....နောက်မှာ To+V1 ပုံစံတူ လိုက်ထားတဲ့ အတွက် Parallelism ဖြစ်ပါတယ်။
Faulty Parallelism
---------------------
အခုနောက်ဆုံးတင်ပြခဲ့တဲ့ ပဉ္စမကဏ္ဍ ..'' Parallelism by Correlative Conjunction"အကြောင်းကျေညက်စေဖိ
အောက်က၀ါကျထဲက မှားတာကို ရှာကြည့်ပါ။
(a) Moe Moe is neither a Democrat nor is she a Republican.(×)
မိုးမိုးဟာ ဒီမိုကရေစီဝါဒီမဟုတ်သလို သမ္မတစနစ်လိုလားသူလည်းမဟုတ်ပါ။
ဒီဝါကျမှာ neither....nor...နောက်က a Democrat နဲ့ is she a Republican နှစ်မျိုးဟာ ပုံစံတူ မဟုတ်လို့ မှားနေတာပါ။အောက်ကအတိုင်း ပုံစံတူ နှစ်မျိုးနဲ့ ပြင်ရေးနိုင်တယ်။
Moe Moe is neither a Democrat nor a Republican.
Neither is Moe Moe a Democrat nor is she a Republican.
ဒါဆို balance ဖြစ်သွားပါပြီ။
ကဲ..အောက်က၀ါကျရဲ့ အမှားကိုလည်း ရှာကြည့်ကြဦးစို့။
(b) The author not only wants fame but also money.(×)
စာရေးဆရာဟာ ကျော်ကြားမှုရော ငွေကြေးရောလိုချင်တယ်။
ဒီဝါကျမှာ not only...but also...နောက်မှာ wants fame နဲ့ money.မတူညီတဲ့ ကြိယာ နဲ့ နာမ် လိုက်ထားတဲ့အတွက် မှားနေတာပါ။
ကဲ .မှန်သွားအောင် .အောက်ကအတိုင်း (၂)မျိုးပြင်ကြည့်ပါမယ်။
The author not only wants fame but also wants money.
The author wants not only fame but also money.
(c) The show is both enjoyable and it is educational. (×)
ဖျော်ဖြေပွဲက ပျော်စရာလည်းကောင်းတယ်။ပညာလည်းရ
ဒီဝါကျလဲ မှားတာပါပဲ။ဘာလို့လဲဆိုတော့ both..and..နောက်မှာ enjoyable နာမ၀ိသေသနနဲ့ it is educational ဆိုတဲ့ဝါကျ လိုက်ထားတယ်။ပုံစံမတူတဲ့ အတွက် Parallelism မဖြစ်လို့ မှားနေတာပါ။နာမ၀ိသေသန ချင်းတူအောင် it is ကို ဖြုတ်လိုက်ရင် မှန်သွားပါပြီ။
ဒါဆို... The show is both enjoyable and educational.ပဲပေါ့။
နိဂုံး
----
ကဲ ..Parallelism နဲ့ ပတ်သက်ပြီး သိသင့်တဲ့ ကဏ္ဍ(၅)ခုအကြောင်း ဆွေးနွေး ပြီးသွားပါပြီ။ဒီParallelism ဟာ ကျွန်တော်တို့ အမြဲသုံးနေတဲ့ ပုံစံဖြစ်ပါတယ်။
အခုလို ..ကဏ္ဍခွဲလေ့လာလိုက်တော့ အရမ်းလွယ်ပြီး ရှင်းသွားတာ တွေ့ရပါ လိမ့်မယ်။ဒီလို လေ့လာထားမှုမရှိရင် Parallelism ကို မှားပြီးသုံးတတ်ကြပါ တယ်။
ဒီလိုမှားသုံးတာကို Faulty Parallelismလို့ ခေါ်ပါတယ်။ဒါကြောင့်ကဏ္ဍတိုင်း မှာ မှားသုံးတတ်ပုံလေးတွေကို နမူနာဝါကျတွေနဲ့တကွ ရှင်းပြခဲ့တာ ဖြစ်ပါ တယ်။
ဒါလို့လဲဆိုတော့ ..ဒီ Parallelismကို အင်္ဂလိပ်ဆရာကြီးများတောင် တစ်ခါ တစ်ရံ မှားသုံးတတ်တာ တွေ့နေရလို့ပါပဲ။တစ်ခါက မြန်မာပြည်က နာမည်ကြီး အင်္ဂလိပ်ဆရာတစ်ယောက်ရဲ့စကားပြောစ
You can do the other three alone,on your own,without anyone else.
အခြား(စွမ်းရည်)သုံးခုကို တစ်ယောက်တည်း ၊ ကိုယ့်ဟာကိုယ် ၊ဘယ်သူမှမရှိ ပဲ သင်လုပ်နိုင်ပါတယ်။
alone ဆိုတဲ့ ကြိယာဝိသေသန(simple adverb)ကို.... on your own နဲ့ without anyone elseဆိုတဲ့ ကြိယာဝိသေသနစကားစုတွေ(adverbial
နောက်တစ်ခုက ကြိယာဝိသေသနပုဒ်/
Faulty Parallelism မဖြစ်အောင်..
You can do the other three by yourself,on your own and without anyone else.လို့ ပြင်ရေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ဒါမှ ကြိယာဝိသေသနစကားစုတွေချည်း ဖြစ်သွားမှာပေါ့။အခုလို တင်ပြရ ခြင်းဟာ..အဲဒီ အင်္ဂလိပ်ဆရာကို အပြစ်ရှာထောက်ပြနေခြင်း မဟုတ်ပါ။ နာမည်ကြီးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့စာအုပ်များကိုတောင် ကျွန်တော် လေ့လာနေဆဲဖြစ်ပါတယ်။
'' ပညာရှိ သတိဖြစ်ခဲ" ဆိုတာလို ဆရာကြီးတွေတောင် အမှတ်တမဲ့သတိမထားမိရင် Parallelism ကို မှားသုံးမိတတ်တဲ့အကြောင်း မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် စကားပြောမှာ သဒ္ဒါကို ဘေးချိတ်နေကြပေမယ့် အရေး၊အဖတ်နဲ့ မကင်းနိုင်သေးသရွေ့ သဒ္ဒါစည်းမျဉ်းတွေကို လျှစ်လျှူရှုလို့ မရပါ။
Parallelism ဟာ သဒ္ဒါစည်းမျဉ်းတစ်ခု ဖြစ်ပါတယ်။ဒီစည်းမျဉ်းကို "သဒ္ဒါမို့ မလေ့လာချင်ပါဘူး " ဆိုပါလျှင် မှန်ကန်အပြစ်ကင်းတဲ့ စာကြောင်းများ ရေးသားရာမှာ အခက်အခဲနဲ့ ကြုံတွေ့နိုင်တတ်ပါကြောင်း တင်ပြရင်း..။ ။
No comments:
Post a Comment