ရခိုင် ဗမာ အဓိကပြဿနာ
****ဗမာပြည်ဟုခေါ်တွင်သော နိုင်ငံထဲမှ ရခိုင်ပြည်ကြီးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်
်ရရှိစီရန်ခွဲထွက်ဖို့ တောင်းဆိုနေသည့်အတွက်
ဗမာအမျိုးသား အားလုံးလိုလိုက ရခိုင်ရို့ကို ကျဉ်းမြောင်းသူများဟု
စွပ်စွဲကြသည်။ ရခိုင်ရို့သည် ဗမာရို့နှင့်မတူ ကွဲပြားခြားနားသော
ဝိသေသလက္ခဏာများဟိသောကြောင့် ဗမာရို့နှင့် လက်တွဲနိန်ထိုင်ဖို့သော်၎င်း၊
ခွဲထွက်ဖို့သော်လည်းကောင်း ရခိုင်ရို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟိသည်။
ရခိုင်ရို့သည် ရှီးပဝေသဏီကပင် ကိုယ့်ချင်းကိုယ့်မင်းနှင့်
ရာစုနှစ်ပေါင်းများစွာ သီးခြားနိန်ထိုင်လာခဲ့ပြီး ယ္ခုလက်ဟိတွင်လည်း
သီးခြားနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိန်နိုင်ရန်အတွက် နန်းရာကုန်းအပါအ၀င်
မြောက်များစွာသော သမိုင်းအထောက်အထားနှင့် ရီမြီအထောက်အထား ဟိနိန်သည်ကို
မည်သူကမျက်ကွယ်ပြု ငြင်းကွယ်နိုင်မည်နည်း။ ရခိုင်ရို့သည်
ဗမာအမျိုးသားလက်ထဲ၌ အတိတ်နှင့်ပစ္စုပ္ပန်ကာလ နှစ်ခုစုံလုံးရို့တွင်
လူ့အခွင့်ရေးပေါင်းမြောက်များစွာ
ဆုံးယှုံးခံနိန်ရသည်။ မိမိရို့ဘုရင်ကို သတ်ခဲ့သောသူ၊
မိမိနိန်မြီကိုကျူးကျော်လျှက် မိမိရို့၏ စာပီယဉ်ကျေးမှုအစဉ်အလာများကို
ဖျက်စီးခဲ့သော၊ လက်ဟိ၌လည်း ဖျက်စီးနိန်သောသူများနှင့် အတူနိန်ထိုင်၍
မည်ကဲ့သို့ပျော်နိုင်ပါမည်နည်း။
ရခိုင်ရို့ကို ဗမာရို့က ကျဉ်းမြောင်းသည်ဟု စွပ်စွဲလာလျှင်
သူများနိန်မြီများကို ကျူးကျော်လျှက် အခြားလူမျိုးများကို
မျိုးဖြုတ်သတ်ဖြတ်နိန်သူများကို မည်ကဲ့သို့ ကင်မွန်းတပ် စွပ်စွဲရမည်နည်း။ ဗမာလူမျိုးရို့သည် ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်သည့်အချိန်မှစ၍
ရခိုင်လူမျိုးရို့အပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။
ဒေနိန့်ထက်ထိလည်း အုပ်စိုးသူရို့သည် လူ့အခွင့်ရေးပေါင်းမျိုးစုံကို
လျှိုးဖေါက်လျှက်ဟိနိန်တုန်းပင်။
ရခိုင်လူမျိုးရို့သည် ဗုဒ္ဓဘာသာဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရးကို
ချစ်မြတ်နိုးးကြသည်။ ထို့ကြောင့် ရခိုင်အမျိုးသားအချို့ရို့သည် အုပ်စိုးသူ၏
နှိပ်ကွက်ရက်စက်မှုကို မခံနိုင်သောအဆုံးစွန်၌ ငြိမ်းချမ်းသောနိန်မြီကို
ရှာဖွယ်ရန်အတွက် မိမိမွီးရပ်မြီကို စွန့်ခွာလာခဲ့ကြသည်။ တချို့ရို့သည်
အလုပ်အကိုင်ရှာဖွယ်ပြီး သူရို့၏ဘ၀ကို ရပ်တည်နိန်နိုင်ရန်အတွက်
ထိုင်းနိုင်ငံသို့လည်း ရောက်ဟိလာခဲ့ကြသည်။ တခါတရီ ထိုင်းရဲများက
ဖမ်းဆီးးပြီး နယ်စပ်သို့ပြန်ပို့ခြင်းခံရသော်လည်း
အာဏာသျှင်နယ်ချဲ့ရို့၏ ဖိနှိပ်မှုလက် အောက်မှာထက် လုံခြုံမှုဟိသည်ဟု
ခံယူကြသည်။ အဖရခိုင်ပြည်ကြီး ငြိမ်းချမ်းသာယာမှု မဟိသမျှကာလပါတ်လုံး
တရားမ၀င်အလုပ်သမားပြဿနာနှင့် မူးယစ်ဆီးဝါးပြဿနာရို့ကို
ဖြီချင်းနိုင်လိမ္မည်မဟုပ်ပါ။ ရခိုင်လူမျိုးရို့၏ဘ၀နှင့်
ထိုင်းပြည်သူရို့၏ဘ၀ကို ကယ်တင်နိုင်ရန်အတွက် ထိုင်းအစိုးရအနိန်ဖြင့်
ဗမာပြည်၏ပြဿနာကို အကျွန်ရို့၏ပြဿနာသည်သာမက ထိုင်းရို့၏နိန်မြီနှင့်
ထိုင်းပြည်သူရို့၏ လုံခြုံရေးအတွက်ပါ သက်ဆိုင်သည်ဟု သဘောထားသင့်သည်။
ကမ္ဘာ့ကုလသမဂ္ဂအနိန်ဖြင့်လည်း မြောက်များစွာသော မြန်မာပြည်သူရို့
ငြိမ်းချမ်းသာယာရေးအတွက် အနည်းငယ်မျှသော အုပ်စိုးမင်းမူသူများကို
ပြစ်ဒါဏ်ချမှတ်ဖို့ လီးလီးနက်နက် ထည့်သွင်းစဉ်းစားသင့်သည်။ အနည်းငယ်မျှသော
အုပ်စိုးသူများကို အပြစ်ပီးအရေးယူခြင်းသည် မြောက်များစွာသော
ပြည်သူရို့၏ဘ၀ကို ကယ်တင်ရာရောက်ပါမည်။
အကျွန်ရို့၏ ဘိုးဘွား၊ ဘီဘင်ရို့သည် ထွန်းလင်းတောက်ပြောင်သော
ရခိုင်မင်းနိန်ပြည်တော်တွင် ဗုဒ္ဓဘာသာ ရခိုင်ဘုရင်ရို့၏
အုပ်ချုပ်မှုလက်အောက်၌ နိန်ထိုင်ခဲ့ရသောကြောင့် ချမ်းသာခြင်း၊
ပျော်ရွှင်ခြင်းနှင့် နှစ်မြို့ဖွယ်ရာရို့သည် ၎င်းရို့၏အိပ်မက်များ
ဖြစ်နိန်ခဲ့ပါသည်။ သို့သော် ဗမာရို့၏ကျွန်ပြုမှုကို
ခံခဲ့ရပြီးနောက်ပိုင်းတွင်မူ ရခိုင်ပြည်သည် သဘာဝသယံဇာတမျိုးစုံ
ပွါးများစီကာမူ ဆင်းရဲခြင်း၊ မျက်ရည်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းရို့သည်သာ
ရခိုင်ရို့အတွက် နိန့်စဉ်အိပ်မက်ဖြစ်လာခဲ့ရသည်။ ရခိုင်လူမျိုးရို့သည်
ကိုယ့်နိန်မြီ၌ တပါးသူရို့၏ ကျွန်ပြုမှုကိုခံနိန်ရသည်။ ရခိုင်ပြည်သည်
ကိုလိုနီဖြစ်ပါလျှက်နှင့် လူများမသိသော ကျွန်ပုန်းကိုလိုနီဖြစ်နိန်ရသည်မှာ
အလွန်တရာမှဝမ်းနည်းစရာပင်။
အတိတ်နှင့် ပစ္စုပ္ပန်ရို့သည် အကျွန်ရို့၏နှလုံးအိမ်ကို နိန့်စဉ်ရက်ဆက်
ရိုက်ခတ်နိန်မှုကြောင့် ရခိုင်ရို့သည် ဒီဇင်ဘာလ ၃၁-ရက်နိန့်ကျရောက်တိုင်း
မျက်ရည်နှင့် ပြည့်နှက်နိန်ကြသည်။ ဤအချုပ်အခြာအာဏာကျဆုံးခဲ့သောနိန့်ကို
ရခိုင်ရို့အနိန်ဖြင့် မည်ကဲ့သို့ မိန့်ပျောက်နိုင်ပါမည်နည်း။ ထိုနိန့်သည်
ရခိုင်သားရို့အတွက် မိန့်ပျောက်၍မရနိုင်သောကြောင့် ရခိုင်ပြည်
အချုပ်အခြာအာဏာကျဆုံးသောနိန့်ကို အခွင့်အခါရတိုင်း ရခိုင်သားရို့ကျင်းပကြသည်။ ဤသို့ကျင်းပခြင်းဖြင့် ရခိုင်ပြည်သည် အစစ်အမှန်ကိုလိုနီတိုင်းပြည်ဖြစ်နိန်သည်ကို
ပြင်ပကမ္ဘာမှသိအောင် ဖန်တီးပီးနိုင်ပါမည်။ ရခိုင်ရို့ ဆက်လက်ပြီး
မငိုချင်တော့ပါ။ ရခိုင်ရို့၏ညီညွတ်မှုဖြင့် အဖရခိုင်ပြည်ကြီးကို
ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်လျှက်။
No comments:
Post a Comment