(1) Come clean!
အမှန် အတိုင်းပြောစမ်း။
(2) Cool your heels!
စိတ်ကိုလျှော့ပါ။
(3) Get on with it!
လုပ်စရာ ရှိတာလုပ်။
(4) Hang in there!
အလျှော့မပေးနဲ့။
(5) Hit the trail!
ကဲ..သွားလိုက်ကြစို့။
(6) Keep track!
ခေတ်နဲ့ မျက်ခြေ မပြတ်စေနဲ့။
(7) Kick up your heels!
ပျော်အောင်နေ။
(8) No money,no honey!
ငွေရှိရင်ရမယ်။မရှိရင် မရဘူး။
(9) On your honour!
ပြောတဲ့စကား တည်ပါစေ။
(10) Play it safe!
သတိနဲ့ နေပါ။
(11) Save your breath!
လေကုန်ခံ ပြောမနေနဲ့..။
(12) Say your piece!
စိတ်ထဲရှိတဲ့အတိုင်း ပြောပါ။
(13) Step on the gas!
မြန်မြန်လုပ်။
(14) Take for granted!
ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့။
(15) This is gonna fly!
ဒါ...အောင်မြင်မှာပါကွာ။ ။
စာမေးပွဲ စစ်ဆေးခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သင်ကြားထားပြီးသော အကြောင်းအရာ များကို သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများသည် မည်ရွေ့ မည်မျှ နားလည် သဘောပေါက်သည်၊ မှတ်မိသည်၊ မေးခွန်းတွင် မေးထားသော အကြောင်းအရာ များကို မိမိ၏ ကိုယ်ပိုင်ဉာဏ်၊ ဖြတ်ထိုးဉာဏ်၊ မှတ်ဉာဏ်၊ စဉ်းစားဉာဏ် အားလုံးတို့ကို သတ်မှတ်ထားသော အချိန်အတွင်း ဖြေဆိုနိုင်ခြင်း ရှိ မရှိကို သိလို၍ စစ်ဆေးခြင်း ဖြစ်သည်။
စာမေးပွဲ ဖြေဆိုရာတွင် မရိုးသားသော စာဖြေဆိုသူ များကြောင့် စာမေးပွဲ စည်းကမ်းချက် အသစ်များသည် နှစ်စဉ် ပေါ်ထွက်ခဲ့သည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံ အတော်များများနှင့် အာဆီယံ နိုင်ငံအချို့တွင် စာမေးပွဲခန်းမ (Examination Hall များ Exam Centre) များတွင် စာဖြေသူများ၏ စာဖြေဆိုနေမှု တို့ကို CCTV ကင်မရာများဖြင့် မှတ်တမ်းတင်ထားသည်။ စောင့်ကြည့် အကဲဖြတ်သည်။ မရိုးသားမှု တစ်စုံတစ်ရာ တွေ့လျှင် CCTV ကင်မရာ၏ မှတ်တမ်းအရ စာမေးပွဲ ကြီးကြပ်ရေးမှူးများက ဆုံးဖြတ်သည်။
မြန်မာနိုင်ငံကဲ့သို့ စာမေးပွဲခန်းမ သေးသေးလေးတွင် ဆရာ/ ဆရာမ နှစ်ဦစီ စောင့်ကြပ် နေရခြင်းကြောင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ငါးသိန်းကျော် အတွက် ဆရာ/ ဆရာမ အမြောက်အမြားကို တာဝန် ပေးရတော့သည်။ အလုပ်တွေ ပိုလာတော့သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ဆွဲဆောင်မှု အရှိဆုံး အဆင့်အတန်း အရှိဆုံး စာမေးပွဲ ဖြစ်သည်။ လူတိုင်း၊ မိဘတိုင်း စိတ်ဝင်စားရခြင်း၏ နောက်ခံ အကြောင်းအရင်း အချို့ကို ဖော်ပြလိုက်ပါသည်။
(၁) တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးသည် အစိုးရစစ် ဖြစ်သည်။ ဆိုလိုသည်မှာ တက္ကသိုလ်ဝင်တန်း သင်ရိုးများကို သင်ကြားနေသော အထက်တန်းပြ ဆရာ/ ဆရာမများကို မေးခွန်းထုတ်ခွင့် မပေးဘဲ တိုင်းနှင့် ပြည်နယ်အလိုက် တက္ကသိုလ်များမှ အတွေ့အကြုံ အရှိဆုံး ဘာသာရပ် ဆိုင်ရာ ပါမောက္ခများကို မေးခွန်း ထုတ်ခွင့်ပေးခြင်း။
(၂) မတ်လတွင် စစ်ဆေးသည့် တက္ကသိုလ်ဝင်တန်း မေးခွန်းများ အတွက် ဘာသာရပ်ဆိုင်ရာ စာစစ်မှူးချုပ် (ပါမောက္ခ) များသည် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလ သတ်မှတ်ချိန် အမီ၊ မေးခွန်း သုံးစုံထုတ်၊ ချိတ်ပိတ်ကာ သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ်များထံ ပေးပို့ရခြင်း။
(၃) တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် ပတ်သက်၍ ဖောင်ထုတ်ပေးခြင်း၊ လက်ခံခြင်း၊ မေးခွန်းရိုက်ခြင်း၊ စာစစ်ခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်း၊ အောင်/ ရှုံး လက်မှတ် ထုတ်ပေးခြင်း၊ အောင်လက်မှတ် ထုတ်ပေးခြင်း၊ မေးခွန်းများကို တိုင်းနှင့် ပြည်နယ်အလိုက်ရှိ စာစစ်ဌာနများသို့ ပေးပို့ခြင်း စသည့်ကိစ္စ အဝဝတို့ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ စာစစ်အဖွဲ့ဟူ၍ စနစ်တကျ ဖွဲ့စည်းထားခြင်း။
(၄) သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအလိုက် စာဖြေသူ အနည်းအများပေါ် မူတည်၍ မေးခွန်းများကို ထုတ်ရန်၊ ကွန်ပျူတာ၊ ပုံနှိပ်၊ စာစီ၊ စာရိုက် အစရှိသည့် ကျွမ်းကျင်သူများကို ပြည်နယ်၊ တိုင်းအလိုက် ထားရှိခြင်း။
(၅) ထိုကျွမ်းကျင် ဝန်ထမ်းများကို မေးခွန်းထုတ်ရန် Camp သွင်းသည့်အခါ ပြင်ပနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ပြီး မေးခွန်း စရိုက်သည့် အချိန်မှစ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့တိုင် Camp များတွင် နေရခြင်း။
(၆) မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ၁၉၉၈ ခုနှစ်အထိ မေးခွန်း တစ်ခုတည်း စနစ် ဖြစ်သည်။
(၇) တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မေးခွန်း (၁၁) စုံကို နှစ်စဉ် စစ်ဆေး လာခဲ့သည်မှာ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ယနေ့တိုင် ဖြစ်သည်။ ပြည်တွင်းအတွက် မေးခွန်း ၁၀ စုံနှင့် ပြည်ပရှိ မြန်မာနိုင်ငံသားများ အတွက် နိုင်ငံခြား စာစစ်ဟူ၍ မေးခွန်းတစ်စုံ စစ်ဆေးသည်။
(၈) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းများ အတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းအလိုက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများသည် စုစုပေါင်း မေးခွန်းပေါင်း ၃၃ စုံကို ရွေးချယ် ထုတ်ခဲ့ရသည်။
(၉) မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးသည် ထိုတက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်း ၃၃ စုံကို ၁၁ စုံ ဖြစ်အောင် အထူး လျှို့ဝှက်အနေနှင့် ရွေးချယ်ရန် သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင် ပညာရှင်များကို စနစ်တကျ ရွေးချယ် တာဝန်ပေးလေ့ ရှိသည်။
(၁၀) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းလွှာများကို စာမေးပွဲ ကျင်းပမည့် ရက်အနည်းငယ် အလိုတွင် မြို့နယ် ပညာရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ရဲတပ်ဖွဲ့များ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ စာစစ်အဖွဲ့မှ တစ်ဆင့် ယူဆောင်ပြီး အစိုးရဘဏ်တိုက် သို့မဟုတ် ရဲစခန်းများ၌ အထူး လျှို့ဝှက် ချိပ်ပိတ်ကာ လုံခြုံစွာ သိမ်းဆည်းထားလေ့ ရှိသည်။
(၁၁) စာမေးပွဲ ဖြေဆိုမည့်နေ့ ၉း၀၀ နာရီ မတိုင်မီ နာရီဝက် သို့မဟုတ် တစ်နာရီ အလိုတွင် မြို့နယ် အသီးသီးရှိ စာစစ်ဌာန ကျောင်းများသို့ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ပေးပို့ရသည်။ ထိုသို့ ပေးပို့ရာတွင် အသိ သက်သေများနှင့် အတူ ချိတ်ပိတ် ပေးပို့ရသည်။
(၁၂) စာစစ်ဌာန အသီးသီး၌ စာမေးပွဲ ခန်းစောင့်မည့် တာဝန်ကျ ဆရာ၊ ဆရာမများ အားလည်း ကြိုတင် သင်တန်းပေးခြင်း၊ လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ရသည်။
(၁၃) စာမေးပွဲကြီး ကျင်းပနေချိန်တွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ အနေနှင့် စာမေးပွဲ ဖြေဆိုမည့် သူများအား စာမေးပွဲ စည်းကမ်းများကို ရှင်းလင်း ပြောဆိုရသည်။
(၁၄) စာမေးပွဲ ဖြေဆိုမည့်သူများ အားလုံးသည် စာပေးပွဲ စတင် ဖြေဆိုမည့် မနက် (၉း၀၀) နာရီမတိုင်မီ နာရီဝက် သို့မဟုတ် ၁၅ မိနစ် အလိုအတွင်း စာမေးပွဲ ခန်းမထဲသို့ ဝင်ရသည်။ စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားကိုပါ တစ်ပါတည်း ယူဆောင်လာရသည်။ ကိုယ်တိုင် ဖြေဆိုသည်မှာ မှန်ကန်ကြောင်း တာဝန်ကျ ဆရာ၊ ဆရာမများ ရှေ့တွင် လက်မှတ် ရေးထိုးရသည်။
(၁၅) စာစစ်ဌာန ကျောင်းအသီးသီး ၌ ဖြေဆိုပြီးသော တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို သက်ဆိုင်ရာ ပြည်နယ် တိုင်းအလိုက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာန၏ ညွှန်ကြားထားသော နေရာများသို့ သတ်မှတ်ချိန် အတွင်း ပို့ပေးရသည်။
(၁၆) စာစစ်ဌာနများသည် မေးခွန်း ၁၁ စုံ ဖြစ်သည့် အတွက် တိုင်းနှင့် ပြည်နယ်အလိုက် မတူကွဲပြား ခြားနားသည်။ ဥပမာ- ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် စစ်ဆေးပြီး ပဲခူးတိုင်း ဒေသကြီး အဖြေလွှာများကို ဒဂုံတက္ကသိုလ်တွင် စစ်ဆေးပါသည်။
(၁၇) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းအတွက် စံပြ အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်များရှိ ဘာသာရပ် ဆိုင်ရာ ပါမောက္ခများက စာစစ်မှူးချုပ်များ အနေနှင့် တာဝန်ယူ ဆောင်ရွက်ပြီး၊ အမှတ်ပေး စည်းမျဉ်း (Marking Schreme) ရေးဆွဲလေ့ ရှိသည်။ စာစစ်ဆရာ/ ဆရာမများက ထိုအမှတ်ပေး စည်းမျဉ်းအတိုင်း အမှတ်ပေးကြရသည်။
(၁၈) စာစစ်ဆရာ/ ဆရာမများကို ၎င်းတို့ တာဝန်ယူ သင်ကြား ပြသနေသော ကျောင်းများ၊ တက္ကသိုလ်များမှ ရွေးချယ်ပေးလေ့ ရှိသည်။
(၁၉) စာစစ်မှူးချုပ်များ ရေးဆွဲ ထားသည့် စံပြ အမှတ်ပေး စည်းမျဉ်းနှင့် မတူသော်လည်းဘဲ အချက်အလက် ပြည့်စုံ၍ အကျိုးအကြောင်း ဆီလျော်၍ အမှတ်ပေးခဲ့ရသော အဖြေလွှာများလည်း စာစစ်ဌာန အသီးသီး၌ နှစ်စဉ် ကြုံတွေ့နေရသည်။
(၂၀) တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာ တစ်ခု၏ အဖြေလွှာများကို သာမန်အားဖြင့် စာစစ်ဆရာ၊ ဆရာမ သုံးဦးမှ နေ၍ (၁) မင်နီ၊ (၂) မင်စိမ်း၊ (၃) မင်ခရမ်းတို့ဖြင့် စစ်ဆေးလေ့ ရှိသည်။
(၂၁) ပထမဆုံး စာစစ်ဆရာ၊ ဆရာမက မင်နီဖြင့် စစ်ဆေးသည်။ ဒုတိယ စာစစ် ဆရာမက မင်စိမ်းဖြင့် Check and Recheck ထပ်မံ စစ်ဆေးသည်။ မင်ခရမ်းဖြင့် တတိယ စစ်ဆေးသော ဆရာ၊ ဆရာမက အဆုံးသတ် စစ်ဆေးသည်။
(၂၂) တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာများ စစ်ဆေးခဲ့ရာ ဆရာ၊ ဆရာမများကို နိုင်ငံတော် ပညာရေး ဝန်ကြီးဌာနမှ အဖြေလွှာ တစ်အုပ်လျှင် ငွေ (၇၀) ကျပ် ချီးမြှင့်လေ့ ရှိသည်။
(၂၃) စာစစ်ဆရာ၊ ဆရာမများ အားလည်း အစုအဖွဲ့များ ဖွဲ့၍ အဖြေလွှာများကို အချိန် အကန့်အသတ်ဖြင့်သာ စစ်ဆေးခိုင်းလေ့ ရှိသည်။
(၂၄) တိုင်းနှင့် ပြည်နယ်အလိုက် စစ်ဆေးခဲ့သော အဖြေလွှာများကို ဧပြီလ သင်္ကြန်မတိုင်မီ အပြီးတိုင် စစ်ဆေးလေ့ ရှိသည်။
(၂၅) သတ်မှတ်ချိန် အတွင်း စစ်ဆေး ပြီးစီးစေရန် စာစစ်ဆရာ/ ဆရာမများ အင်အားကို အလုံအလောက် သုံးစွဲသည်။
(၂၆) ဧပြီလ ၁၀ ရက်အတွင်း ဘာသာရပ်အလိုက် စစ်ဆေးသော စာစစ် ဆရာ/ ဆရာမ တစ်ဦးချင်းစီ၏ အဖြေလွှာ ပြီးစီးမှုသည် ဘာသာရပ်အလိုက် မတူညီကြချေ။ ဥပမာ- အင်္ဂလိပ်စာ ဆရာမ တစ်ဦးသည် နှစ်စဉ် ထိုသတ်မှတ်ရက် စာစစ်ကာလ အတွင်း အဖြေလွှာ ၄၀၀ နီးပါးကို ပြီးစီးလေ့ ရှိသည်။
(၂၇) အထူးသဖြင့် အင်္ဂလိပ်စာ ဘာသာရပ်ကို စစ်ဆေး အမှတ်ပေးနေသော Convenor စာစစ်မှူး တစ်ဦးနှင့် တစ်ဦး အမှတ်ပေးပုံ မတူညီကြပေ။
(၂၈) စာစစ်နေသော ဆရာ/ ဆရာမများသည် သက်ဆိုင်ရာ စာဖြေသူ၏ ခုံအမှတ်နှင့် စာစစ်ဌာနတို့ကို Computer Code လုပ်ထား၍ မသိနိုင်ပေ။
မည်သို့ပင် ဆိုစေ၊ ကံ၊ ဉာဏ်၊ ဝီရိယ သုံးခု ကောင်းသော စာဖြေသူများ၊ ထူးချွန် အောင်မြင်ကြသည်။ ထို့ကြောင့်လည်း မိဘ အများစုသည် မိမိတို့၏ သားသမီးများ ပညာရေး အတွက်၊ ငွေအား၊ လူအား အစွမ်းကုန် အသုံးချကာ အင်တိုက်၊ အားတိုက်၊ တက္ကသိုလ်ဝင်တန်း ပညာရေးတွင် ရင်းနှီး၊ မြှုပ်နှံ လုံးပန်းလျက် ရှိသည်။ ပံ့ပိုးလျက် ရှိသည်။ တက္ကသိုလ်ဝင်တန်း အောင်မှတ် ရလဒ်ပေါင်းသည် အသက်မက အရေးကြီးလှသည်။ ရမှတ်ကောင်းလျှင် မိမိ မျှော်မှန်းထားသည့် တက္ကသိုလ်ကို တက်နိုင်သည်။ ရမှတ် မကောင်းလျှင် မိမိ မျှော်မှန်းထားသည့် တက္ကသိုလ်နှင့် အလှမ်း ဝေးရတော့သည်။ ထို့ကြောင့်လည်း ဘဝအတွက် အရေးကြီးသည့် အဆုံးအဖြတ် ပေးသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မိဘတိုင်း စိတ်ဝင်စားကြ၊ အလေးထား ကြသည်မှာ သဘာဝ ကျလှသည်။ အဓိပ္ပာယ် ရှိလှပေသည်။Powered by The Voice





![Photo: ''ပျော်ရွှင်စရာ..အင်္ဂလိပ်ဟာသ"
=================
◙[၁] အမေခိုင်းတာလုပ်တယ်
A new student came to the class.
ကျောင်းသားသစ်လေး တစ်ယောက် အတန်းကို ရောက်လာတယ်။
After asking his name the teacher said,' What does your father do?'
သူ့နာမည်ကိုမေးပြီး ဆရာမက ပြောတယ်..။ "မင်းအဖေက..ဘာလုပ်သလဲ"
Student: 'Whatever mom says!'
ကျောင်းသား။ ။ "အမေပြောသမျှ အကုန်လုပ်ပါတယ် ..ဆရာမ"
◙[၂] စိတ်မချမ်းသာလို့ပါ
Teacher : Everyone who thinks he's stupid,please stand up.
ဆရာမ။ ။ကဲ..အားလုံး..ကိုယ့်ကိုယ်ကို မိုက်မဲတယ်လို့ ထင်တဲ့သူရှိရင် မတ်တပ်ရပ်ပြစမ်း။
After a while,only one student stood up.
ခဏကြာတော့..ကျောင်းသားတစ်ယောက်ထဲ မတ်တပ်ရပ်သတဲ့။
Teacher:So,you think you are stupid?
ဆရာမ။ ။"မင်းက..ကိုယ့်ကိုယ်ကို မိုက်မဲတယ်ထင်လို့လား။"
Student:No,ma'am.
ကျောင်းသား။ ။"မထင်ပါဘူး..ဆရာမ"
Teacher:Then, why did you stand up?
ဆရာမ။ ။"မထင်တာများ..ဘာလို့ မတ်တပ်ရပ်တာလဲ..ကွယ်။"
Student:I felt bad seeing you standing,alone,ma'am.
ကျောင်းသား။ ။"ဆရာမတစ်ယောက်တည်းရပ်နေတာ မြင်ရတော့ ... စိတ်မချမ်းသာလို့ပါ ..ဆရာမ။"
◙[၃] အမေရိကကို ရှာတွေ့သူ
Teacher: Maria, please point to America on the map.
ဆရာမ။ ။မရီယာ..ရေ..။မြေပုံပေါ်က အမေရိကတိုက်ကို ထောက်ပြပါ ဦးကွယ်။
Maria: This is it.
မရီယာ။ ။ဒီနေရာပါ..ဆရာမ။
Teacher: Well done! Now class, who found America?
ဆရာမ။ ။တော်လိုက်တာ။ကဲ..အမေရိကကို ဘယ်သူရှာတွေ့ခဲ့သလဲဆိုတာ တစ်တန်းလုံး ဖြေပါဦးကွယ်။
Class: Maria did,teacher.
အတန်း။ ။မရီယာ..တွေ့တာပါ..ဆရာမ။
◙[၄] တစ်ခုတည်း မေးမှာဆို
In Viva, နှုတ်ဖြေစာမေးပွဲ မှာ...ဖြစ်ပါတယ်။
Lecturer : "Shall I ask you ten easy questions or one tough one?"
ကထိက။ ။"မင်းကို လွယ်တဲ့မေးခွန်း ဆယ်ခုမေးရမလား။ခက်တာ တစ်ခုပဲ မေးရမလား။"
Student: "Ask me tough one"
ကျောင်းသား။ ။"ခက်တဲ့မေးခွန်း တစ်ခုပဲ မေးပါ။"
Lecturer : "What comes first ,Day or Night?"
ကထိက။ ။"နေ့ နဲ့ ည...ဘယ်ဟာက အရင်လာတာလဲ။"
Student: "Day"
ကျောင်းသား။ ။"နေ့က အရင်လာပါတယ်။"
Lecturer : "How can you exactly say that?"
ကထိက။ ။"မင်းက..အဲဒီလို..ဘာလို့ အတိအကျ ပြောနိုင်တာလဲ။"
Student: "Sorry sir,you said you'll ask only one question."
ကျောင်းသား။ ။"စိတ်မရှိပါနဲ့..ခင်ဗျာ။ဆရာပဲ..မေးခွန်းတစ်ခုတည်း မေးမယ် ပြောထားတယ်လေ။"
◙[၅] နောက်ကျရတဲ့ အကြောင်း
Once a very funny girl comes late to class
တစ်ခါက အရမ်းပျော်တတ်တဲ့မိန်းခလေးတစ်ယောက် အတန်းကို နောက်ကျ ပြီး ရောက်လာတယ်။
Teacher: Why are you late?
ဆရာ။ ။"ဘာဖြစ်လို့ နောက်ကျရတာလဲ။"
Girl: One boy is following me sir.
မိန်းခလေး။ ။"ကောင်လေးတစ်ယောက်က ကျွန်မနောက်ကို လိုက်နေလို့ပါ ..ရှင့်။"
Teacher: So,what?
ဆရာ။ ။"အဲဒါနဲ့ ဘာဆိုင်လို့လဲ။"
Girl: That boy was walking very slow.
မိန်းခလေး။ ။"အဲကောင်လေးက ဖြေးဖြေးလေး လမ်းလျှောက်နေတာလေ။"
◙[၆] Maths အဓိပ္ပါယ်
Teacher: What is the full form of Maths?
ဆရာ။ ။"Maths (သင်္ချာ)ရဲ့ စာလုံးပေါင်း အရှည်က ဘာလဲ။"
Student: Mentally Affected Teachers Harrasing Students
ကျောင်းသား။ ။"ကျောင်းသားများကို နှိပ်စက်နေသည့် စိတ်မနှံ့သော ဆရာများ" ပါ..ခင်ဗျာ။
◙[၇] တစ်ကောင်ရှိပြီးသား
Teacher: Suppose,I give you two dogs.Then,I again give you two dogs.How many will you have?
ဆရာမ။ ။ဆရာမက မင်းကို ခွေးနှစ်ကောင် ပေးလိုက်တယ်ဆိုပါတော့။ နောက်ပြီး..နောက်ထပ် နှစ်ကောင်ထပ်ပေးဦးမယ်ဆိုရင် မင်းမှာ ...ဘယ် နှကောင်ရှိမလဲ။
Student:Five.
ကျောင်းသား။ ။ငါးကောင်။
Teacher: How?
ဆရာမ။ ။ဘယ်လို..ငါးကောင် ဖြစ်ရတာလဲ။
Student: I have a dog in my house now.
ကျောင်းသား။ ။အိမ်မှာ ခွေးတစ်ကောင် ရှိပြီးသားလေ။
◙[၈] လင်ကွှန်း ဆယ်နှစ်ပြည့်
Teacher: What happened in 1809?
ဆရာမ။ ။"၁၈၀၉ ခုနှစ်မှာ ဘာဖြစ်ခဲ့လဲ။"
Student:Abraham Lincoln was born.
ကျောင်းသား။ ။"အေဗရာဟန်လင်ကွန်း မွေးဖွားခဲ့ပါတယ်။"
Teacher: What happened in 1819?
ဆရာမ။ ။"၁၈၁၉ ခုနှစ်မှာ ဘာဖြစ်ခဲ့လဲ။"
Student:Abraham Lincoln was ten years old.
ကျောင်းသား။ ။"အေဗရာဟန်လင်ကွန်း ဆယ်နှစ်ပြည့်ခဲ့ပါတယ်..ဆရာမ"
◙[၉] အမေးနဲ့အဖြေ
Ouestion: In which battle did Napoleon died?
မေးခွန်း။ ။"ဘယ်တိုက်ပွဲမှာ နပိုလီယန် ကျဆုံးခဲ့တာလဲ။"
Answer: His last battle.
အဖြေ။ ။"သူ့ရဲ့ နောက်ဆုံး တိုက်ပွဲမှာပါ။"
Ouestion: Where was the Declaration of Independence signed?
မေးခွန်း။ ။"လွတ်လပ်ရေးကြေငြာစာတမ်းကို ဘယ်နေရာမှာ လက်မှတ် ရေးထိုးခဲ့ကြတာလဲ။"
Answer:At the bottom of the page.
အဖြေ။ ။"စာရွက်အောက်ခြေနားမှာပါ။"
Ouestion:What's the main reason for divorce?
မေးခွန်း။ ။"ကွာရှင်းပြတ်ဆဲခြင်းရဲ့ အဓိကအကြောင်းက ဘာလဲ။"
Answer:Marriage.
အဖြေ။ ။"လက်ထပ်ခြင်းပါ။"
..................................................................မောင်ရွှန်းသစ်](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn1/t1.0-9/s403x403/1972390_833763533306169_1132700347_n.jpg)
