အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်တွင် ပန်းခွေချသူအား ဒဏ်ငွေနှစ်ရာကျပ်ချမှတ်
(၆၆)နှစ်မြောက်
အာဇာနည်နေ့က ပြည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့၌
ပန်းခွေချခဲ့သူအား အောက်တိုဘာ ၉ ရက်တွင် ပြည်မြို့နယ် တရားရုံးမှ
ဒဏ်ငွေနှစ်ရာ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
(၆၆) နှစ်မြောက် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့တွင် ပန်းခွေချသူကို တရားစွဲဆိုသည့်အမှုတွင် နှစ်လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီး ရုံးချိန်းကိုးကြိမ် သွားရောက်ခဲ့ရကြောင်း သိရသည်။
““တရားရုံးက ထောင်ဒဏ် ခုနစ်ရက် (သို့) ငွေဒဏ် ၂၀၀ ကျခံဖို့ အမိန့်ချတယ်။ ငွေဒဏ်နှစ်ရာ ပေးဆောင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့မှာ အာဇာနည်နေ့ ကြယ်ပုံစံ ပန်းခွေချလို့ ပြစ်ဒဏ်ချမှတ်ခံရတာပါ”” ဟု ဒဏ်ငွေနှစ်ရာပေးဆောင်ခဲ့ရသူ ကိုသိန်းမင်းထွန်းက ပြောသည်။
ပြည်မြို့တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့မတိုင်မီ တစ်ရက်က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်တွင် ပန်းခွေ၊ ပန်းစည်းချခြင်း၊ ဟောပြောခြင်းများ မပြုလုပ်ရန် သတ်မှတ်ပေးထားသောနေရာများ၌သာ ပြုလုပ်ကြရန် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်မှုကို ကျူးလွန်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုစွဲဆိုခဲ့သောအမှုကို ပြည်မြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment