ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အသေးစိတ် ထုတ်ပြန်
- Created on Thursday, 05 September 2013 03:09
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာမည် ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ လွှတ်တော်သို့ သွားရောက်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ ၀ါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည် ဖြစ်သည်။
ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး Corvinus University တွင် From Revolution to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment