Saturday, February 1, 2014

“အသုံးကျလှပတဲ့..အင်္ဂလိပ်စာဝါကျများ"
======================
အပိုင်း(၃)

တစ်ကယ်တမ်းပြောရရင် ..၀ါကျတစ်ကြောင်းမှာ ..Of ..အသုံးလေးပါရင် ကျွန်တော်ကတော့ အရမ်းသဘောကျတာ။ငယ်ငယ်တုန်းကဆို သဘောကျ လွန်းလို့ of အသုံးနဲ့ ပတ်သက်ပြီး သီးသန့် မှတ်စုထုတ်ထုတ်ပြီးတောင် ကျက်မှတ်ခဲ့ဖူးပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို...... The Republic of the Union of Myanmar ဆိုပြီး အင်္ဂလိပ်လိုဖတ်ရရင် တအားကြိုက်ပဲ။ of ကိုနှစ်ခါ ဆိုရ တော့ အာတွေ့လို့ ကြိုက်တာပါ။ ကျောင်းသားဘ၀က of အပေါ် အရမ်း ခရေဇီ ဖြစ်ခဲ့ပါတယ်။ဘယ်လောက်ထိ of ကို ကြိုက်လဲဆိုရင်......
my friend အစား a friend of mine ဆိုတာမျိုး
ရိုးရိုး searched ဆိုတာထက် He went in search of food. သူအစာရှာထွက်တယ်..လို့ သုံးတာမျိုး။
Use အစား make use of ဆိုတဲ့ ကြိယာတွဲသုံးတာမျိုး။
It is very important.အစား It is of great importance .ဆိုတာမျိုးအထိ. .ရွေးသုံးခဲ့ပါတယ်။
ဝိဘတ်တွေ သင်တဲ့အခါမှာလည်း ..
in spite of,in place of, instead of,in front of,in lieu of, in the event of,in favour of,in course of,in consequence of,by way of,on account of, because of,on behalf of, for the sake of...စတဲ့ စကားစုဝိဘတ် လေးတွေ(phrase prepositions)ကို သိပ်သဘောကျပြီးခဏခဏသုံးခဲ့တာ။
ဒီ..of ရဲ့အသုံးလေးတွေကို သတိရမိတာနဲ့ ဒီနေ့တော့..ofပါတဲ့ ၀ါကျတစ်ချို့ ကို ဖော်ပြပေးလိုက်ပါတယ်နော်..။

(1) I'm in bad need of a shower.
ငါ..ရေချိုးကို ချိုးရတော့မှာ။

(2) He is in one of his furies.
သူ..စိတ်ရိုင်းဝင်နေတယ်။

(3) Don't breath a word of this.
ဒီအကြောင်း လေသံတောင် မဟလိုက်ပါနဲ့။

(4) He's now in a cheerful frame of mind.
သူ..အခုတလော ..အူမြူးနေတယ်။

(5) You can do it of your own free will.
မင်းသဘောနဲ့မင်းသာ လုပ်ပေတော့။

(6) I don't think highly of you.
မင်းကို..ငါ..အထင်မကြီးဘူး။

(7) I have hosts of friends.
ငါ့မှာ..သူငယ်ချင်းတွေ အများကြီးရှိတယ်။

(8) What do you think of my new car?
ငါ့ကားသစ် ဘယ်လိုနေလဲ။

(9) Will you make one of us?
ခင်ဗျား..ကျွန်တော်တို့နဲ့ ပူးပေါင်းမလား။

(10) I know a little of her family.
သူမ မိသားစုအကြောင်း ငါ..နဲနဲပဲသိတယ်။

(11) He was fleeced of his money.
သူ ငွေလိမ်ခံရတယ်။

(12) The situation allows of no delay.
အခြေအနေက နောက်ကျလို့ မဖြစ်ဘူး။

(13) He is in the depths of despair.
သူ..စိတ်ဓာတ်အကြီးအကျယ် ကျနေရှာတယ်။

(14) Never had I heard of this!
ဒီအကြောင်း ကြားတောင်..မကြားဖူးဘူး။

(15) She was dressed in the height of fashion.
သူမက..အပျံစားကို ၀တ်ဆင်ထားတာ။

(16) He's the very image of his father.
သူဟာ သူ့အဖေနဲ့ တစ်ထေရာတည်း တူတာပဲ။

(17) She's a woman of good family.
သူမဟာ မျိုးရိုးကောင်းက မွေးဖွားလာတာ။

(18) That sort of thing won't happen again.
အဲဒီလိုမျိုး နောက်ဘယ်တော့မှ မဖြစ်စေရဘူး။

(19) It's very kind indeed of you .
တစ်ကယ်ပါ။သိပ်ကျေးဇူးတင်တယ်။

(20) Don't make a mountain out of a molehill.
တစ်စိတ်ကို တစ်အိတ်မလုပ်နဲ့။

(21) He spoke with an air of importance.
သူ့ကိုယ်သူ အရေးပါအရာရောက်တဲ့လေသံမျိုးနဲ့ ပြောတယ်။

(22) I feel kind of dizzy now.
ငါ..အခု ခေါင်းနည်းနည်းမူးနေတယ်။

(23) This is a matter of general interest.
ဒါဟာ အများစု စိတ်ဝင်စားနေကြတဲ့ အကြောင်းပေါ့။

(24) He is a man of intellect.
သူဟာ စာတတ်ပေတတ် တစ်ယောက်ပါ။

(25) He has a cheerful habit of mind.
သူက..ပျော်ပျော်နေတတ်တဲ့ အကျင့်ရှိတယ်။

No comments:

Post a Comment