===================
[အပိုင်း(7)]
ဒီနေ့တော့ ''Inversionနှင့်ရေးသော.. ၀ါကျများ" POST ကို နောက်ဆုံးဝါကျ (၃)မျိုး ဖော်ပြပြီးရင် နိဂုံးချုပ်ပါတော့မယ်။လေ့လာအားေ
"အင်္ဂလိပ်ဘာသာ လေ့လာစရာ"မှ မူရင်းအက်မင်ကို အထူးကျေးဇူးတင်ရှိပါ ကြောင်း ဖော်ပြအပ်ပါတယ်။
ကဲ..''Inversionနှင့်ရေးသော.. ၀ါကျများ"ထဲက နောက်ဆုံး ၀ါကျ(၃)မျိုးကို လေ့လာကြည့်ကြစို့။
(၁၇) အလေးနက်ပြောလိုတဲ့ ၀ါကျ
------------------------------
အကြောင်းအရာတစ်ခုကို ..အလေးအနက်ပြောပြလိုတဲ့အခါ Inversion နဲ့ ပြောနိုင်ပါတယ်။ပြောနည်းကတော့ ရိုးရိုးဝါကျကို မေးခွန်းပုံစံပြောင်းပြီး နောက်ဆုံးမှာ question mark(?)အစား Exclammaion mark(!)ရေးလိုက် ရုံပါပဲ။ဥပမာ..It is ever hot in here.''ဒီနေရာမှာ အမြဲပူနေတယ်။"..ဆိုတဲ့ ၀ါကျကို Is it ever hot in here! လို့ Inversion နဲ့ ရေးနိုင်ပါတယ်။
အဓိပ္ပါယ်ပိုလေးနက်သွားပြီး ''ဒီနေရာက အမြဲကို ပူနေတော့တာပဲကွာ.."လို့ လေးလေးနက်နက် ပြောသလို ဖြစ်သွားပါတယ်။
အလားတူပါပဲ ..You know how to cook."မင်းကချက်ပြုတ်တတ်တယ်။" ဆိုတဲ့ ၀ါကျကို Do you know how to cook! လို့ Inversion နဲ့ရေးရင်
''မင်းက..ချက်တတ်ပြုတ်တတ်သကိုး.
ကဲ..မေးခွန်းပုံစံပြောင်းတတ်ရင်
(၁၈) nor အသုံးနှင့် Inversion
------------------------------
အငြင်းဝါကျတစ်ခုကို အကြောင်းအရာဆင်တူ အခြားအငြင်းဝါကျတစ်ခုနဲ့ ဆက်စပ်တဲ့အခါ nor ကို သုံးကြတယ်။ဒီလိုသုံးရင် nor နဲ့ ဆက်လိုက်တဲ့
ဒုတိယ၀ါကျကို Inversion နဲ့ မဖြစ်မနေ ရေးဖို့ လိုအပ်ပါတယ်။ဒီ Inversion မှာ.ဘယ်ကြိယာမဆို သုံနိုင်ပြီး nor ဟာ ၀ါကျနှစ်ခုကိုဆက်တဲ့ Conjunction ဖြစ်ရပါမယ်။မြန်မာလိုဆို ''.....မ...သလို၊ ...လည်း.... မ... ပါဘူး။" ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ကဲ...နမူနာၾကည့္ရေ
(1) No one has volunteered for the job, nor do we expect anyone to volunteer in the future.
အလုပ်တွက် ဘယ်သူမှ လုပ်အားမပေးခဲ့ကြသလို နောင်လုပ်အားပေးမယ့်သူကိုလည်း ကျွန်တော်တို့ မမျှော်လင့်ပါဘူး။
(2) Hla Hla cannot speak English, nor can Mya Mya speak Portuguese.
လှလှ အင်္ဂလိပ်စကား မပြောတတ်သလို မြမြလည်း ပေါ်တူဂီစကား မပြောတတ်ပါဘူး။
(3) The zoo regulations will not permit you to touch the animals, nor would most people advise you to do so.
တိရိစ္ဆာန်ဥယျာဉ်စည်းမျဉ်းတွေအရ မင်းဟာ တိရိစ္ဆာန်တွေကို ကိုင်ခွင့်ရမှာမဟုတ်သလို လူအများစုကလည်း ကိုင်ဖို့ အကြံပေးကြမှာ မဟုတ်ပါဘူး။
(၁၉) လှုပ်ရှားမှုကြိယာတွဲနှင့် Inversion
------------------------------
"ran out=ထွက်ပြေးကြသည်။ wentup=အပေါ်တက်သွားသည်" စတာ တွေကို လှုပ်ရှားမှုကြိယာတွဲလို့ခေါ်တာ အားလုံးသိကြမှာပါ။ဒီကြိယာတွဲ တွေကို out ran/up went ဆိုပြီး ပြောင်းပြန်လှန် သုံးနိုင်ပါတယ်။ဥပမာ – Several people ran out when the doors opened.
"တံခါးတွေ ဖွင့်လိုက်တော့ လူအများကြီးပြေးထွက်သွားကြတယ်။"
The doors opened, and out ran several people. ဆိုပြီး ရေးနိုင်ပါတယ်။
နောက်ပြီး – Hundreds of toy balloons went up.ကစားစရာပူဖောင်းလေး တွေ ရာနဲ့ချီပြီး အပေါ်တက်သွားတယ်။ဒါကိုလည်း Up went hundreds of toy balloons. ဆိုပြီး လှန်ရေးနိုင်ပါတယ်။
အလားတူပဲ The witch and the monster ran away. ဆိုတဲ့ဝါကျကို
Away ran the witch and the monster.
''စုန်းမရော ဘီလူးရော ထွက်ပြေးသွားတယ်။.".ဆိုပြီး လှန်နိုင်ပြီပေါ့။
**မှတ်ချက်
တစ်ကယ်လို့ ကတ္တားဟာ ..ပုဂလနာမ်စား(personal pronoun) ဖြစ်နေရင် တော့ Inversion လုပ်တဲ့အခါ နာမ်စား(he/she/
အလားတူပဲ Are you ready? Off we go! ......ဆိုတဲ့စကားပြောဝါကျမှာ လည်း We go off.ကို inverse လုပ်ထားတာ တွေ့ရပါလိမ့်မယ်။
နိဂုံး
----
Inversion နဲ့ရေးတဲ့ဝါကျ (၁၉) မျိုးအကြောင်းကို Post (၇)ခုနဲ့ ဖော်ပြခဲ့တာ ပြီးဆုံးသွားပါပြီ။ဒီ Inversion ကို ကဗျာတွေမှာ ပိုအသုံးများတယ်ဆိုပေမယ့်
စကားပြေမှာလည်း သုံးကြတာပါပဲ။
Do you enjoy reading this post?
Never in my life have I read such a simplified post.
How easy is this very post!
So easy are the inverted sentences that you can write them by yourself after reading this post.
More difficult than parallelism is anastrophe.
Rarely does Ko Ko Tun use anastrophe in writing English proses.
Is it easy to study inversion!
Had I known it useful , I would have studied anastrophe.
အထက်က ၀ါကျအားလုံးဟာ Inversion (or) Anastrophe တွေချည်းပါပဲ။
ဒါ့ကြောင့် ..လိုရင်လိုသလို သုံးတတ်အောင် လေ့လာထားတာ... မလွန်ဘူး ပေါ့..။အင်္ဂလိပ်စာနဲ့ အကြောင်းရာတစ်ခုကို ရေးတဲ့အခါ ကြိုးကြားကြိုးကြား တစ်ကြောင်းတစ်လေထည့်ရေးတတ်ရင်ပိ
ကဲ.....အင်္ဂလိပ်စာချစ်သူအပေါင်း.
No comments:
Post a Comment