Wednesday, February 5, 2014

တစ်ယောက်လူက သူတစ်ယောက်ကို
ရင်မှာခိုအောင်း မေတ္တာလောင်းပြီး
မိုးလောက်ကြီးပင်ချစ်သော်လည်း
သူတစ်ယောက်ကတစ်ယောက်လူကို
သိုထားရင်နှစ်မေတ္တာစစ်ဖြင့် မချစ်ခဲ့ရင်
ထိုလူတစ်ယောက် မိုးလောက်ကြီးမားအချစ်များသည်
ဘယ်မှာအရာထင်မည်နည်း။
ကြင်သူလာနိုး တိတ်တခိုးနဲ့
မျော်ကိုးမှန်းဆ တမ်းတသော်လည်း
သူကားငါ့ထံ ရောက်မလာ။
နေ့နေ့ညည မေ့မရအောင်ချစ်ခဲ့ပေမယ့်အလွမ်းခါးခါး မင်းထားခဲ့တယ်
ပြန်လာခဲ့ပါကလေးရယ်။

No comments:

Post a Comment